အသက် ၂၅ နှစ်လောက်ကွာတဲ့ သူဌေးကို မြင်မြင်ချင်းချစ်မိသွားပြီးနောက် ရဲရဲဝံ့ဝံ့နဲ့ ချစ်ကြောင်းပြောဆိုခဲ့တဲ့ မိန်းကလေး

တစ်ချိန်က ဗီယက်နမ်မိန်းကလေးတစ်ဦးဖြစ်တဲ့ မစ္စ BQ က သူမရဲ့လျှို့ဝှက်ချစ်ရသူကို ရဲရဲဝံ့ဝံ့ ချစ်ကြောင်းပြောဆိုပြီး ပြီးပြည့်စုံတဲ့ အိမ်ထောင်ရေးကို ရရှိရုံသာမက ခင်ပွန်းသည်ရဲ့ မိသားစုမှာ သားသမီးအရင်းလို အချစ်ခံခဲ့ရပါတယ် ။

မစ္စ BQ က ပင်ပန်းဆင်းရဲစွာ အလုပ်ကြိုးစားခဲ့တဲ့ မိန်းကလေးတစ်ဦးပါ ။ 2020 ခုနှစ်မှာ သူမက ဂျပန်နိုင်ငံသို့ သွားရောက်ကာ ရုံးဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ပြီး MM မန်နေဂျာအဖြစ် လုပ်ကိုင်ခဲ့ပါတယ် ။ ပထမဆုံးတွေ့ဆုံမှုမှာ အသက် ၆၀ ဝန်းကျင်ရှိတဲ့ ဂျပန်သူဌေးက မစ္စBQရဲ့ အာရုံကိုဆွဲဆောင်ခဲ့ပါတယ် ။

လုပ်ဖော်ကိုင်ဖက်များနဲ့ စကားစမြည်ပြောဆိုပြီးနောက်မှာ သူမရဲ့သူဌေး Mr. M. က လက်မထပ်ရသေးကြောင်း Qက သိရှိခဲ့ပြီး ထိုအမျိုးသားရဲ့ အချစ်ရရန် ကြိုးစားခဲ့လိုက်ပါတယ် ။ ချစ်သူများနေ့မှာ သူမက Mr. M. ကို ချောကလက်တစ်ဗူးပေးကာ သီးသန့်တွေ့ဆုံပြီး သူမရဲ့အချစ်ကို ဝန်ခံရန် စီစဉ်ခဲ့လိုက်ပါတယ် ။

BQ က သူ့ခံစားချက်တွေကို ဝန်ခံတဲ့နေ့မှာ Mr. M. က “ဒီအသက်အရွယ်မှာ ချစ်သူနဲ့ တွေ့ခွင့်ရမယ်လို့ မထင်ထားဘူး။ ” လို့ ပြောလိုက်ပါတယ် ။ အဲ့ဒါနဲ့ သူဌေး Mr. M. နဲ့ ဗီယက်နမ်ဝန်ထမ်းဟာ တရားဝင်ချိန်းတွေ့တဲ့ စုံတွဲဖြစ်လာခဲ့ပါတယ် ။

မကြာသေးခင်မှာဘဲ ၎င်းတို့နှစ်ဦးက ဂျပန်နိုင်ငံမှာ လက်ထပ်ထိမ်းမြားခဲ့ပြီး မိသားစုနဲ့ မိတ်ဆက်ပေးရန်အတွက် ဗီယက်နမ်သို့ ပြန်လည်ရောက်ရှိခဲ့ပါတယ် ။ Ms. BQ က သူ့ခင်ပွန်းဟာ အသက်ကြီးပေမယ့် ကြင်နာတတ်ပြီး နွေးထွေးတယ်လို့ ဆိုပါတယ် ။

ချစ်မိသွားတဲ့အချိန်မှစပြီး လက်ထပ်လိုက်တဲ့အချိန်ထိ သူမက သူမရဲ့ယောက်ျားကို ချစ်ကြောင်းဝန်ခံရန် အစပြုခဲ့ခြင်းအတွက် သူမက နောင်တရမယ်လို့ တစ်ခါမှ မတွေးခဲ့ဘူးလို့လည်း ထပ်ပြောခဲ့ပါသေးတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *