သားသမီးတွေကို ပုဇွန်လေးစားစေချင်သော်လည်း ဝယ်ကျွေးဖို့ရာမတတ်နိုင်၍ ပါတီပွဲတစ်ခုတွင် ဝင်ရောက်ကာ စားကြွင်းစားကျန်ဖြစ်နေသော ပုဇွန်လေးကို တောင်းယူခဲ့သည့် မိခင်တစ်ဦး

မိဘတို့ဧ။် သားသမီးပေါ်ထားသော မေတ္တာတရားသည် နက်ရှိုင်းလွန်းတာကြောင့် ဘယ်အရာမဆို သူ့တို့မှာ ရင်ဆိုင်ဖို့အသင့်ဖြစ်နေတတ်ပြီး မည်မျှပင်ဆင်းရဲနေပါစေ ပြည်စုံအောင်တော့ ထားချင်တတ်ကြသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အသက်၅၀ကျော်အရွယ် မိခင်တစ်ဦးသည် သားသမီး ၃ယောက်ရှိရာ ခင်ပွန်းဖြစ်သူမှာ ဆုံးပါးသွား၍ စားဝတ်နေရေး ခက်ခဲသွားကာ စျေးကြီးသောအစားအစာများကိုပင် ဝယ်စားဖို့ရာ မတတ်နိုင်ခဲ့ပေ။

မိခင်ဖြစ်သူသည် လမ်းမပေါ်ထွက်ပြီး ထီလက်မှတ်လေးများ လိုက်လံရောင်းချခြင်းဖြင့် အသက်မွေး၀မ်းကျောင်း ပြုနေရင်း တစ်နေ့တွင် မြို့ထဲ၌ လမ်းဘေးစားသောက်ဆိုင်တစ်ခုတွင် ပါတီပွဲကျင်းပနေခဲ့ရာ စျေးကြီးသော စားစရာများကို ကုန်အောင်မစားနိုင်ကြ၍ အလကားပိုလျှံနေသည်ကို ဆိုင်အပြင်ဖက်ကနေ တွေ့မြင်ခဲ့သည်။

ထိုစဥ် မိခင်ဖြစ်သူသည် လူအုပ်ကြားထဲသို့ ရောက်ချလာပြီး ပိုလျှံ၍ အကြွင်းအကျန်ဖြစ်နေသော ပုဇွန်လေးတွေကို သားသမီး ၃ယောက်ကို ကျွေးချင်လို့ဆိုပြီး အိမ်ယူပြန်ရန် တောင်းရမ်းခဲ့သည်။

ထို့နောက် မိခင်အိုကြီးသည် ပန်းကန်ထဲတွင် ပုဇွန်များစွာရှိသော်လည်း သားသမီး ၃ယောက်အတွက် ပုဇွန်လေး၃ကောင်ကိုသာ တောင်းယူခဲ့သည့်အတွက် မိခင်တစ်ယောက်ဧ။် ချစ်ခြင်းမေတ္တာကို မြင်တွေ့သူများမှ လေးစားမိကာ ထီလက်မှတ်အားဝိုင်းပြီးတော့ ဝယ်ယူအားပေးခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *