မြစ်ချောင်းထဲမှာ မိကျောင်းတစ်ကောင်နဲ့အတူ ပျော်ရွှင်စွာဆော့ကစားနေတဲ့ ကလေးငယ်အုပ်စု (ရုပ်သံ)

မြစ်ချောင်းထဲမှာ မိကျောင်းတစ်ကောင်နဲ့အတူ ပျော်ရွှင်စွာဆော့ကစားနေတဲ့ ကလေးငယ်အုပ်စု (ရုပ်သံ)

လူသားတွေရဲ့ သဘာဝအရဆိုရင်တော့ အန္တရာယ်များလွန်းတဲ့နေရာတွေ ၊ တောရိုင်းတိရစ္ဆာန်တွေနဲ့ ကင်းကင်းရှင်းရှင်းနေလိုကြတာပါပဲလေ ။

Social media ပေါ်မှာ တွေ့နေရတဲ့ video တွေမှာဆိုရင် တောရိုင်းတိရစ္ဆာန်အကောင်ကြီးတွေနဲ့ ပွတ်သတ်ပြီးဆော့ကစားနေကြတဲ့လူတွေကိုတွေ့ရင် အလိုလိုစိတ်ထဲမှာတော့ မိုက်ရူးရဲဆန်လွန်းတဲ့လုပ်ရပ်တွေ ၊ အန္တရာယ်များလွန်းတဲ့လုပ်ရပ်တွေဆိုပြီး တွေးထင်မိကြမှာပါ ။

ဒီတစ်ခေါက်မှာလည်း ကလေးငယ် 4ယောက်ဟာ လုံးဝကြောက်ရွံ့မှုမရှိဘဲ မြစ်ချောင်းထဲမှာ မိကျောင်းတစ်ကောင်နဲ့ ပျော်ပျော်ပါးပါးဆော့ကစားနေခဲ့ကြတာပါ ။ အဆိုပါ video ကိုတော့ ကလေးငယ်တွေရဲ့ ဖခင်ဖြစ်သူကရိုက်ယူထားခဲ့ပြီး social media ပေါ်မှာ ဝေမျှခဲ့တာဖြစ်ပါတယ် ။

ကလေးငယ်တွေကတော့ နေအိမ်မှာ ကြောင်လေးတွေကိုအိမ်မွေးတိရစ္ဆာန်အဖြစ်မွေးထားရတာထက် မိကျောင်းကိုသာမွေးထားချင်ကြောင်း ပြောဆိုခဲ့ကြပါတယ် ။

မိကျောင်းနဲ့ပျော်ရွှင်စွာ ဆော့ကစားနေကြတဲ့ကလေးငယ်တွေကိုကြည့်ပြီး လူအတော်များများက ကျောချမ်းဖွယ်ကောင်းလွန်းလှအောင် ကြောက်ရွံ့မိနေလျက်ရှိပါတယ် ။

video ကိုရိုက်ကူးနေခဲ့သူမှာလည်း မိကျောင်းကို ကလေးငယ်တွေရဲ့အဝေးဖက်သို့ထွက်သွားအောင် မောင်းထုတ်ခဲ့ခြင်းမျိုးမရှိတဲ့အပြင် ၊ မိကျောင်းက ကလေးငယ်တွေကိုရန်မူမှာကိုလည်း ကြောက်ရွံ့ပုံမရှိပါဘူး ။

ယခုဖော်ပြတဲ့ video ကတော့ အန္တရာယ်များလွန်းတဲ့တိရစ္ဆာန်တွေနဲ့အတူ ကလေးငယ်တွေဆော့ကစားဖို့ တိုက်တွန်းတဲ့ video လို့အထင်မမှားစေချင်ပါဘူး ။

မိကျောင်းနဲ့ဆော့ကစားရဲတာကတော့ သတ္တိရှိတယ်လို့ ထင်ရပေမဲ့လည်း အမှန်တကယ်တော့ အသက်အန္တရာယ်အတွက် စွန့်စားလွန်းရာကျပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *