ရေပေါ်မှာ လမ်းလျှောက်သွားလို့ရတဲ့ ရေပေါ်လူသွားလမ်းကို ဆောက်လုပ်ခဲ့တဲ့ အနုပညာရှင်ဇနီးမောင်နှံနှစ်ဦး

အီတလီနိုင်ငံ၊ Isola ကမ်းရိုးတန်းရဲ့ ဗဟိုရှိ ကျွန်းများနဲ့ ယာယီဆက်သွယ်ထားတဲ့ အဝါရောင်လမ်းကြောင်းက ၃ ကီလိုမီတာဖြစ်ပါတယ် ။

၎င်းကို အနုပညာပရောဂျက်တစ်ခုလို့ ယူဆသော်လည်း အမှန်တကယ်အသုံးပြုရန် သေချာပါတယ် ။

၎င်းကို အနုပညာရှင်ဇနီးမောင်နှံ Christo နဲ့ ကွယ်လွန်သူ Jean-Claude တို့က ဒီဇိုင်းထုတ်ထားပြီး ရေပေါ်လူသွားလမ်းကို “The Floating Piers” လို့ခေါ်ပါတယ် ။

အဆိုပါလူသွားလမ်းက Monte Isola နဲ့ Sulzano မြို့နှစ်မြို့ကို ဆက်သွယ်ထားပြီး San Paola ကျွန်းကို ဝန်းရံထားပါတယ် ။

လမ်းကြောင်းမှာ သိပ်သည်းဆမြင့်တဲ့ polyethylene တုံး ၂၂၀,၀၀၀ ပါရှိပါတယ် ။ ၎င်းကို အဝါရောင်အထည် 100,000 စတုရန်းမီတာနဲ့လည်း ဖုံးအုပ်ထားတာပါ ။

၎င်းက တစ်နေ့တာလုံး တောက်ပတဲ့ရွှေအဖြစ်သို့ ပြောင်းလဲကာ စိုစွတ်နေချိန်မှာ နီမြန်းတဲ့ အရောင်ကို ရရှိပါတယ် ။

လူသွားလမ်းကို ဘိလပ်မြေလုပ်ကွက်ကြီးများဖြင့် လုံခြုံစွာ ထားရှိပြီး အဆောက်အဦးဆီကို ရောက်ဖို့ ၂ မိုင်နီးပါးရှည်လျားပါတယ် ။

လူတွေတကယ်ခံစားနိုင်တဲ့ အနုပညာလက်ရာတွေကို ဖန်တီးတာဟာ အနုပညာရှင်တွေရဲ့ အကြီးမားဆုံးတာဝန်တွေထဲက တစ်ခုပါပဲ ။

ထိုအရာက အီတလီရိုးရာစစ်မှန်တဲါ ယဉ်ကျေးမှုအချို့ကို တွေ့ကြုံခံစားရန် မယုံနိုင်စရာကောင်းတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *