သခင်ဖြစ်သူ ကလေးမလေး ကျောင်းသွားချိန်တိုင်း ကားလမ်းနားထိ နေ့စဥ်လိုက်ပို့ပေးခဲ့သော ချစ်စဖွယ်ခွေးကလေး

တရုတ်နိုင်ငံမှ မိသားစုတစ်စုသည် ၅နှစ်အရွယ်သမီးလေးတစ်ယောက်ရှိရာ သူတို့အလုပ်ရှုပ်နေစဥ် အဖော်ရဖို့အတွက် ခွေးလေးတစ်ကောင်ကို မွေးစားထားခဲ့သည်။

ခွေးလေးအား မန်းမန်းဟု အမည်ပေးထားကာ ကလေးမလေးနှင့် စားလည်းတူတူ အိပ်လည်းတူတူ ကစားဖော်လည်းရသည့်အတွက် တစ်ဦးနှင့်တစ်ဦး ခင်မင်ရင်းနှီးကြကာ ကလေးမလေးမှ ကျောင်းသွားသည့်ချိန်တွင် ခွေးလေးမှာ လိုက်မသွားရ၍ ဝမ်းနည်းနေတတ်သေးသည်။

ခွေးလေးသည် သခင်ဖြစ်သူနှင့်အတူ အဝတ်အစားအသစ်လေးတွေဝတ်ကာ ကျောပိုးအိတ်လေးလွယ်ပြီး ကလေးမလေးကျောင်းသွားတိုင်း စီးနေကျကားပေါ်ထိ ဘေးကင်းကင်းနဲ့ရောက်အောင် နေ့တိုင်းလိုက်ပို့ပေးခဲ့သည့်အတွက် မြင်တွေ့သူများမှ ခွေးလေးအား ချစ်စရာကောင်းလွန်းနေ၍ ချီးမွမ်းခဲ့ကြသည်။

ခွေးလေးသည် ကလေးမလေး ကားမောင်းထွက်သွားပြီဆိုကာမှ အိမ်ထဲသို့ပြန်ဝင်လာတတ်ပြီး သခင်ဖြစ်သူမေမေဆီမှာ ကပ်ချွဲနေတတ်သည့် ပုံရိိပ်လေးသည် အသဲယားစရာလေးဖြစ်နေ၍ လူတိုင်းကမွေးစားချင်နေကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *