စားသောက်ဆိုင်ထဲသို့ ဝင်ရောက်ခဲ့သော်လည်း ငွေကြေးမတတ်နိုင်၍ ထမင်းဖြူနဲ့ရေကိုသာ မှာယူခဲ့သည့် အမျိုးသားကြောင့် ဝန်ထမ်းများပင် စိတ်မကောင်းဖြစ်ခဲ့ရ

ဖိလစ်ပိုင်နိုင်ငံမှ အသက်၅၀အရွယ်အမျိုးသားကြီးတစ်ဦးသည် စားဝတ်နေရေးအဆင်မပြေ၍ မြို့သို့တက်လာကာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုဆီမှာ အလုပ်ဝင်လုပ်ခဲ့ရင်း မိသားစုထံငွေပြန်ပို့ပေးခဲ့သည်။

ထိုစဉ် မမျှော်လင့်ပဲ ကပ်ရောဂါဆိုးကြီးဖြစ်ပွားခဲ့ရာ အမျိုးသားကြီးသည် ရုတ်တရက် အလုပ်လက်မဲ့ဖြစ်သွားပြီး အိမ်ပြန်လည်းမရနဲ့ အခြားသောအလုပ်ကလည်းရှာဖို့ခက်နေခဲ့သည်။

ထို့အပြင် အမျိုးသားသည် စားဖို့သောက်ဖို့ရာ အနိုင်နိုင်ဖြစ်နေသည့်ထဲ အခန်းဌားခကလည်း ပေးရသေးကာ လမ်းမပေါ်ထွက်ပြီး အလုပ်လိုက်ရှာရင်းဗိုက်အရမ်းဆာလာ၍ စားသောက်ဆိုင်တစ်ခုတွင် ဝင်ရောက်ခဲ့သည်။

အမျိုးသားသည် ပါလာသည့်ပိုက်ဆံနှင့် အစားအစာများမှာ ဈေးကြီးလွန်းပြီးမတတ်နိုင်သည့်အတွက် ထမင်းဖြူနဲ့ရေကိုသာ မှာယူပြီး အရသာရှိရှိစားသုံးနေခဲ့ရာ ဝန်ထမ်းများမှမြင်တွေ့ပြီး စိတ်မကောင်းစွာပဲ အကြောင်းစုံမေးမြန်းကာ အိမ်ပြန်ဖို့လမ်းစရိတ်အား ပေးရင်းကူညီခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *