နိုင်ငံပေါင်း ၅၂နိုင်ငံကို ဖြတ်သန်းကာ ကမ္ဘာအနှံကို နေရောင်ခြည်စွမ်းအင်သုံးလေယာဉ်ဖြင့် တစ်ကိုယ်တော်ခရီးထွက်မည်ဆိုသည့် အသက်၁၉နှစ်အရွယ်ကောင်မလေး

နိုင်ငံပေါင်း ၅၂နိုင်ငံကို ဖြတ်သန်းကာ ကမ္ဘာအနှံကို နေရောင်ခြည်စွမ်းအင်သုံးလေယာဉ်ဖြင့် တစ်ကိုယ်တော်ခရီးထွက်မည်ဆိုသည့် အသက်၁၉နှစ်အရွယ်ကောင်မလေး

အသက်၁၉နှစ်အရွယ်သာရှိသေးသည့် Zara Rutherford ဆိုသည့် ကောင်မလေးဟာ ကမ္ဘာပေါ်တွင် အသက်အငယ်ဆုံးဖြင့် တစ်ကိုယ်တော် ကမ္ဘာပတ်သူအဖြစ် မှတ်တမ်းဝင်လာနိုင်ပါတယ်။

ကောင်မလေးဟာ အင်္ဂလန် ဘယ်ဂျီယံသွေးရောနှောနေသူတစ်ဦးဖြစ်ကာ ဘယ်ဂျီယံနိုင်ငံတွင် နေထိုင်ရင်း သိပ္ပံနည်းပညာ အင်ဂျင်နီယာကျောင်းကိုတက်ရောက်နေသူဖြစ်ပါတယ်။

သူမ၏မိဘနှစ်ဦးလုံးဟာ လေယာဥ်မှုးတွေဖြစ်ကြသည့်အတွက် ကိုယ်တိုင်ခည်း လေယာဥ်မောင်းရတာကို ဝါသနာပါပြီး အာကာသယာဥ်မှုးဖြစ်ချင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။

ယခုဆိုလျှင် သူမဟာ ဘယ်ဂျီယံနိုင်ငံ အနောက်ပိုင်း Kortrijk Wevelgemလေဆိပ်မှနေပြီး နိုင်ငံပေါင်း၅၂နိုင်ငံကို အလှည်အပတ်ခရီးထွက်မှာဖြစ်ပါတယ်။

သူမဟာ အသက်၁၉နှစ်အရွယ်ဖြင့် တစ်ကိုယ်တော်ထွက်ခွာမှာဖြစ်ပြီး နေရောင်ခြည်စွမ်းအင်သုံး လေယာဥ် Sharkတစ်စီးဖြင့် လှည်ပတ်မှာလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *