မချမ်းသာပေမဲ့ ချွေတာစုဆောင်းတက်ခြင်းကြောင့် အိမ်ထောင်ကျပြီ ၁နှစ်လောက်မှာ ကိုယ်ပိုင်အိမ်ဝယ်ယူနိုင်တဲ့အထိ ငွေစုဆောင်းနိုင်ခဲ့တဲ့ စုံတွဲ

မကြာသေးမီက Loc Fuho နဲ့ ဇနီးဖြစ်သူ Kim Thuy တို့လင်မယားနှစ်ယောက်လုံးဟာ အဖွားအိမ်မှာ ခေတ္တတည်းခိုနေကြကြောင်း ဗီဒီယိုဖိုင်တစ်ခုတင်ခဲ့ပါတယ် ။

ဒါပေမဲ့ Kim Thuy ရဲ့ညီမကလည်း အဖွားအိမ်မာ ပြောင်းရွှေ့တော့မှာဖြစ်တဲ့အတွက်ကြောင့် သူမက ပိုမိုကျယ်ဝန်းပြီး တိတ်ဆိတ်တဲ့ အိမ်တစ်လုံး လိုအပ်နေပါတယ် ။ “အိမ်အသစ်ဆောက်ဖို့က သိန်း ၄၀ နဲ့ ၅၀ လောက်ကုန်မယ်” လို့ Loc Fuho က ထုတ်ဖော်ပြောဆိုခဲ့ပါတယ် ။

Loc Fuho နဲ့ သူ့ရဲ့ဇနီးတို့က လွန်ခဲ့တဲ့ 1 နှစ်အတွင်း ၎င်းတို့သိမ်းဆည်းထားခဲ့တဲ့ ငွေများကို သုံးရန် နှစ်ယောက်သား ဆွေးနွေးခဲ့ကြပါတယ် ။ ၎င်းတို့ ဇနီးမောင်နှံက အိမ်ထောင်ကျပြီး အခုဆို ၁ နှစ်နီးပါးရှိပါပြီ ။ ဝင်ငွေမှ ရတဲ့ ငွေအပိုကို ဝက်အရုပ်နဲ့ စုဗူးထဲထည့်ပြီး ယခုဆို စုစုပေါင်း ပမာဏက ၉၆.၄၇ သန်း ရှိပါတယ် ။

ဒီအချက်အလက်ကို သိလိုက်ရတော့ အင်တာနက်သုံးစွဲသူတော်တော်များများက စုဆောင်းရမိတဲ့ ပမာဏကို အံ့အားသင့်စေခဲ့သလို ချီးကျူးစကားများ ပေးပို့ခဲ့ကြပါတယ် ။

အဆိုပါ လင်မယားနှစ်ယောက်ဟာ ချမ်းသာကြွယ်ဝတဲ့ မိသားစုမဟုတ်ပေမဲ့ သူတို့ရဲ့ ချွေသာစုဆောင်းတက်တဲ့ အကျင့်ကြောင့် အိမ်ထောင်ကျပြီး တသ်နှစ်လောက်မှာဘဲ ကိုယ်ပိုင်အိမ်ဆောင်လုပ်ဖို့ ငွေတွေ ရှိနေပါပြီ ။

“ချွေတာစုဆောင်း သူဌေးလောင်း” ဆိုတဲ့ စကားပုံတောင်ရှိတာဘဲလေ ။ ဒါကြောင့် သင်ဟာလည်း ငွေစုဆောင်းတက်တဲ့သူဆိုရင် သူဌေးလောင်းဖြစ်ဖို့ မဝေးတော့ပါဘူး ။

Leave a Reply

Your email address will not be published. Required fields are marked *