ကမ္ဘာ့ ဉာဏ်တော် အမြင့်ဆုံး ရုပ်ပွားတော်များ (ဗဟုသုတ)

ကမ္ဘာ့ ဉာဏ်တော် အမြင့်ဆုံး ရုပ်ပွားတော်နှင့် ရုပ်တုများ အကြောင်းကို ဗဟုသုတ အနေနဲ့ မျှေ၀ ဖော်ပြ ပေးလိုက်ပါတယ်။

Spring Temple Buddha

ကမ္ဘာ့ အမြင့်ဆုံး ရုပ်ပွားတော် ရုပ်တု ကတော့ တရုတ်နိုင်ငံ Henan ပြည်နယ်မှာ တည်ရှိပါတယ်။မှတ်တမ်းအရ ဉာဏ်တော် အမြင့် ၁၂၈ မီတာ(ပေ ၄၂ဝ) ရှိ သော်လည်း ကြာဖူး၊ ပလ္လင် အမြင့်နဲ့ အောက်ခံပါ ဆို စုစုပေါင်း ၂ဝ၈ မီတာ (၆၈၂ ပေ) ရှိပါတယ်။ ၂ဝဝ၂ ခုနှစ်မှာ ကမ္ဘာ့အမြင့်ဆုံး ရုပ်ပွားတော် အဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။

Laykyun Sekkya (လေးကျွန်းစကြာ၊ မုံရွာ)

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့မှာ ကိုးကွယ် တော်မူ ထားတဲ့ လေးကျွန်း စကြာ ရုပ်ပွားတော်မြတ်ကြီး ဟာ၁၉၉၆ ခုနှစ်မှာ စတင် တည်ထားပြီး ၂ဝဝ၈ ခုနှစ် မှာ ပြီးစီးခဲ့ပါတယ်။ ၁၁၆ မီတာ (၃၈၁ ပေ) ဉာဏ်တော် အမြင့် ရှိတယ် လို့ တရားဝင် မှတ်တမ်းတင် ထားပါတယ်။

Ushiku Daibutsu

ဂျပန်နိုင်ငံမှာ တည်ရှိတဲ့ ရုပ်ပွားတော်ပါ။ မီတာ ၁ဝဝ (ပေ ၃၆ဝ)ဉာဏ်တော် အမြင့် ရှိပြီး အောက်ခံခုံ အပါ အဝင် မီတာ ၁၂ဝ (၃၉၄ ပေ) မြင့် ပါတယ်။၁၉၉၅ ခုနှစ်မှာ တည်ဆောက် ပြီးစီး ခဲ့ပြီး ဂျပန်နိုင်ငံ ၏ အမှတ် တံဆိပ်တစ်ခု ဖြစ်ခဲ့ပါတယ်။

Nanshan Haishang Guanyin

မြန်မာတို့ သိကြတဲ့ ကွမ်ရင်မယ်တော် ရုပ်တုပါ။ တရုတ်နိုင်ငံ Henan ပြည်နယ်မှာ တည်ရှိပြီး ၁ဝ၈ မီတာ (၃၅၄ ပေ) မြင့်ကာ ၂ဝဝ၅ ခုနှစ်မှာ တည်ဆောက် ပြီးစီးခဲ့ပါတယ်။ ရေပြင်ပေါ်မှာ တည်ထား တာပါ။မိတ်ဆွေ တို့ အတွက် ဗဟုသုတ အနည်းငယ် လောက် တိုးသွားတယ် ၊ ရသွားတယ် ဆို မျှဝေရ ကျိုးနပ်ပါပြီ ။ ပြန်လည် မျှဝေပေးဖို့ တောင်းဆို ပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *