အလုပ်သွားလျှောက်ရာ၌ အင်တာဗျူးဖြေသည့်အခါ သူမရဲ့ရုပ်ရည်ကြောင့် အလုပ်မခန့်တာကို စိတ်နာပြီး ခွဲစိတ်ပြုပြင်ခဲ့သော မိန်းကလေး

ဗီယက်နမ်နိုင်ငံမှ အသက် ၂၄နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ဘွဲ့ရပြီးတာနဲ့ ဒေသရှိ ကုမ္ပဏီတွေမှာ အလုပ်သွားလျှောက်ခဲ့တာ အကြိမ်ပေါင်းမနည်းသော်လည်း တစ်ခါမှ အလုပ်ခန့်ခြင်းမခံခဲ့ရပေ။

မိန်းကလေးသည် သွားမညီမှုနှင့် လိုက်ဖက်သောအဝတ်အစားတို့ကို မဝတ်တာကြောင့် အလုပ်သွားလျှောက်သည့်နေရာတိုင်းတွင် လျှောက်လွှာတွေသာ တစ်ရွက်ပြီးတစ်ရွက်ကုန်သွားပြီး အခြားချောမောသူတွေသာ အလုပ်ကိုရရှိခဲ့သည်။

ထို့ကြောင့် မိန်းကလေးသည် လိုင်းပေါ်ကနေ မိတ်ကပ်လိမ်းနည်းတွေကို လေ့လာခဲ့ပြီး လက်တွေ့အသုံးပြုခဲ့သော်လည်း သူမအတွက် မိတ်ကပ်က အကျိုးသက်ရောက်ခြင်းမရှိခဲ့၍ ခွဲစိတ်သည့် နည်းလမ်းကိုသာ ရွေးချယ်ခဲ့လိုက်သည်။

မိန်းကလေးသည် အန္တရယ်များတာ သိသိရက်နဲ့ သူမဘဝရှေ့ရေးအတွက် စိတ်အားငယ်ခြင်းမျိုးမရှိပဲ ယုံကြည်ချက်အပြည့်နဲ့ ရှင်သန်နိုင်အောင် စွန့်စားကာ ကျွမ်းကျင်သော ခွဲစိတ်ဆရာဝန်နှင့်သေချာတိုင်ပင်ပြီးတော့ ပလက်စတစ်ဆာဂျရီလုပ်ခဲ့သည်။

ခွဲစိတ်မှုအောင်မြင်ပြီးနောက် မိန်းကလေးသည် အရင်ကလို ပုံတုန်းတုန်းရုပ်ဆိုးဆိုးမဟုတ်တော့ပဲ အခြားသူတစ်ယောက်လို ပြောင်းလဲသွားကာ ချောမောလှပလွန်းသော အလှပဂေးမလေးအဖြစ်သို့ ရောက်ရှိခဲ့ပြီး ကြော်ငြာကုမ္ပဏီများကပင် အလှဓာတ်ပုံရိုက်ရန် ကမ်းလှမ်းနေပြီဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *