ပြန်တွဲဖို့တောင်းဆိုလာတဲ့ ရည်းစားဟောင်းကို မိမိရဲ့နာမည်တက်တူးထိုးခိုင်းခြင်းဖြင့် သက်သေပြခိုင်းခဲ့တဲ့ မိန်းကလေး

မကြာသေးမီက Lana လို့ခေါ်တဲ့ ချောမောလှပတဲ့ မိန်းကလေးတစ်ဦးဟာ မိန်းမပျိုများစွာ ကျေနပ်မယ်လို့ ယုံကြည်ပြီး ရည်းစားဟောင်းကို လက်စားချေခဲ့တဲ့အကြောင်း မျှဝေခဲ့ပါတယ် ။

Lana က သူမအပေါ် သစ္စာမဲ့ဖူးတဲ့ ရည်းစားဟောင်းက သူနဲ့ပြန်တွဲဖို့ Lana ကို တောင်းဆိုခဲ့တာကြောင့် သူ့လက်မောင်းမှာ Lana ရဲ့ နာမည်ကို တက်တူးထိုးမှ ပြန်လာမယ်လို့ Lana က ပြောခဲ့ပါတယ် ။

ရည်းစားဟောင်းက တက်တူးထိုးပြီးတဲ့အခါမှာ ရိုးသားမှုကိုပြသရန် နောက်ပိုင်းမှာ Lana က လမ်းခွဲလိုက်ပြီး အဆက်အသွယ်ပြတ်သွားကာ သူမရဲ့ ရည်းစားဟောင်းကတော့ လက်မောင်းမှာ Lana ဆိုတဲ့ နာမည်နဲ့ ထင်ကျန်နေစေရန် သူ့မကြံစည်နေကြောင်း ဗီဒီယိုနဲ့ တင်ပြလာခဲ့ပါတယ် ။

အင်တာနက်သုံးစွဲသူတွေဟာ သူတို့ရဲ့ထင်မြင်ယူဆချက်တွေကို အပြတ်အသတ်ဖော်ပြကြတာလို့ ဆိုနိုင်ပါတယ် ။ လူတော်တော်များများက ဒီလိုသစ္စာမဲ့တဲ့ ယောကျာ်းမျိုးကို သူမက လက်စားချေလိုက်လို့ ကျေနပ်ကြပါတယ် ။ ဒါပေမယ့် တချို့ကတော့ ကောင်လေးအတွက် စိတ်မကောင်းဖြစ်မိတဲ့ လူလည်းရှိပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *