အမှုလွတ်ငြိမ်းခွင့်ရတဲ့ ညီထွဋ်ခေါင်နဲ့ ပြန်လည်ဆုံတွေ့ခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်နေတဲ့ ကျော်ကျော်နဲ့ ဆုမြတ်နိုးဦး

ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး ဆုမြတ်နိုးဦးရယ်၊ သရုပ်ဆောင် မင်းသားချော ကျော်ကျော်ရယ်၊ သရုပ်ဆောင် မင်းသားချော ညီထွဋ်ခေါင်တို့ သူငယ်ချင်း(၃)ယောက်ကတော့ အရမ်းကို မှခင်မင်ရင်းနှီးကြတဲ့အချစ်ဆုံးသူငယ်ချင်းတွေပါ။

(၃)ယောက်အတူပေါင်းပြီးလည်း ပရိသတ်တွေကို ပျော်ရွှင်ဖွယ် ဟာသလေးတွေကိုလည်း ဖန်တီးတင်ဆက်ပေးနေခဲ့ပါသေးတယ်။

သို့ပေမဲ့လည်း သူငယ်ချင်း(၃)ယောက်ထဲက ညီထွဋ်ခေါင်ကတော့ (၅၀၅)နဲ့ ဝရမ်းထုတ်ခံထားရတဲ့အတွက် ရှောင်တိမ်းနေထိုင်ခဲ့ရပြီး သူငယ်ချင်း(၃)ယောက် မဆုံတွေဖြစ်တာတော်တော်လေးကိုကြာနေခဲ့ပါပြီ။

ဒီနေ့မှာတော့ လွတ်ငြိမ်းခွင့်ရရှိခဲ့တဲ့ အနုပညာရှင်တွေထဲမှာ ညီထွဋ်ခေါင်က ပါဝင်နေခဲ့ပြီး သူငယ်ချင်း(၃)ယောက်အခုလို ပြန်လည်ဆုံတွေ့ခွင့်ရရှိခဲ့တဲ့အတွက် အတိုင်းမသိပျော်ရွှင်ဝမ်းသာနေခဲ့ကြပါသေးတယ်။

အခုလို သူငယ်ချင်းတွေပြန်လည် ဆုံတွေ့ကြရတဲ့အတွက် ကျော်ကျော်၊ညီထွဋ်ခေါင်နဲ့ ဆုမြတ်နိုးဦးတို့ သူငယ်ချင်း(၃)ယောက်သာမက အနုပညာရှင်တွေနဲ့ သူတို့ရဲ့ ပရိသတ်တွေကပါ ပျော်ရွှင်နေခဲ့ကြပါသေးတယ်။

ပရိသတ်ကြီးရေ ဗရမ်းဗတာ BFF (၃)ယောက်ရဲ့ (၃)ယောက်အတူတူရိုက်ကူးတဲ့ ဟာသဗီဒီယိုလေးတွေကို ပရိသတ်ကြီးတွေလည်း မျှော်လင့်နေကြမယ်ထင်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *