သရုပ်ဆောင်ရဲတိုက်ဟာ အနုပညာအရည်အသွေးပြည်ဝတဲ့ အတော်ဆုံးမင်းသာတစ်လတ်ဖြစ်ကြောင်းချက်ကျလက်ကျပြောပြလာတဲ့ အမာခံပရိတ်သတ်တစ်ဦး

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့သရုပ် ဆောင်ရဲတိုက်ရဲ့အမာခံပရိတ်သတ်တစ်ဦးကသရုပ် ဆောင်ရဲတိုက်ဟာအနုပညာအရည်အသွေးပြည်ဝတဲ့အတော်ဆုံးမင်းသာတစ်လတ်ဖြစ်ကြောင်းအခုလိုပြောပြလာခဲ့ပါတယ်နော်။

ဒီပုံထဲကမင်းသားကိုအားလုံးသိကြမှာပါရဲတိုက်၊တစ်ချိန်ကမြန်မာပေါကားတွေပဲရှိတဲ့ခေတ်၊တစ်နှစ်မှာမှ၃၊၄ကားလောက်ဘဲရုံတင်ကားကြီးရှိတဲ့ခေတ်ကကျနော်စဉ်းစားမိတယ်၊….

မင်းသားတွေမင်းသမီးတွေအများစုကဘာမှအခြေ အမြစ်မရှိတဲ့ပေါကားတွေ၊အောက်လုံးတွေနဲ့LGBTတွေကိုနှိမ်ချ insultလုပ်ထားတဲ့ကားတွေ၊ဘာဇာတ်အိမ်မှခိုင်ခိုင်မာမာမရှိ၊အဓိပ္ပာယ်မရှိတဲ့၊ယုတ္တိမရှိတဲ့ကားတွေလောက်ကိုပဲရိုက်ကြတာလားပေါ့။လူတွေလည်းဒါတွေကိုဟာသဆိုပြီးပျော်ပျော်ကြီးထိုင်ကြည့်နေကြတာလားပေါ့၊အနောက်နိုင်ငံမှာဆို ရုပ်ရှင်ဆိုတာကိုသေချာရိုက်တာလေ၊….

koreaနိုင်ငံဟာentertainmentနဲ့ကမ္ဘာကိုလွှမ်းထားတာလိုမျိုးပေါ့၊အနုပညာဆိုတာနိုင်ငံတစ်ခုမှာကဏ္ဍတစ်ခုအနေနဲ့အရေးကြီးပါတယ်၊ခုနလိုမျိုးကားတွေရိုက်ကြတော့မင်းသားမင်းသမီးတွေရဲ့အရည်အချင်းမပေါ်ကြတော့ဘူး။

အရည်အချင်းရှိတဲ့မင်းသားမင်းသမီးရှိခဲ့ရင်တောင် ခေတ်စနစ်ရဲ့အခြေအနေကြောင့်နေရာပေးမခံရဘူး၊2015နောက်ပိုင်းမှသာခေတ်ပြောင်း၊စနစ်ပြောင်းတာကြောင့်မြန်မာ့ရုပ်ရှင်ကိုမြှင့်တင်ခွင့်ရပြီး ဇာတ်လမ်းကောင်းတွေအများကြီးရှိလာတာအရမ်းဝမ်းသာတယ်။….

ကဲဆက်ရရင်ခုနကလိုခေတ်ထဲရုပ်ရှင်တွေကြည့်ရင်း မင်းသားတစ်ယောက်ကိုသတိထားမိလာတယ်၊ကျနော်၁၂နှစ်ထဲကကြိုက်လာတဲ့မင်းသားရဲတိုက်ပေါ့၊သူ့ရဲ့ကားတွေထဲသွေးဆိုတဲ့နာမည်ပါတဲ့ကားစကြည့်မိတယ်၊အဲ့ကားထဲမှာဆိုသရုပ်ဆောင်ချက်တွေက အနှစ်တွေကြီးပဲ၊တကယ့်နိုင်ငံခြားကရိုက်တဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်လိုကြည့်ရင်းခံစားလာရတာ။….

တက္ကသိုလ်ကားတွေရိုက်ရင်ပေါကားတွေချည်းရှိတဲ့ခေတ်မှာYTUလိုကျောင်းကအင်ဂျင်နီယာကောင်လေးတစ်ယောက်ရဲ့ဇာတ်လမ်းကိုသေချာသရုပ်ဆောင်နိုင်ပြီး၊လူငယ်သဘာဝတွေဇာတ်ကားတွေ၊လူငယ်တွေရဲ့အိပ်မက်အကြောင်းတွေ၊အချစ်ဇာတ်လမ်းကောင်းတွေအများကြီးသေချာရိုက်နိုင်ခဲ့လို့ရဲတိုက်ကိုအရမ်းချီးကျူးမိတယ်။….

နောက်လုံးဝpsychoဆန်ဆန်နဲ့ရုပ်ရှင်ကားကောင်းတွေ၊သရဲကားဆိုလည်းသူပါတဲ့သရဲကားတွေဆို အရမ်းမိုက်တယ်၊mysteryဆန်တဲ့ကားတွေဥပမာ Dream Catcherလိုမျိုးပစ္စည်းကိုinspireလုပ်ရိုက်ထားပြီးသရုပ်ဆောင်ထားတာတွေသိပ်ကိုကောင်းတာ။

ဒါပေမယ့်အံ့ဩရတာတစ်ခုကသူတစ်ခါမှ အကယ်ဒမီစကာတင်စာရင်းထဲပါတာမမြင်ဖူးသလို အကယ်ဒမီဆုကြီးနဲ့ဆိုဝေးပေါ့၊ပွဲကိုတက်ရဲ့လားတောင်သေချာသတိမထားမိဘူး၊….

ဒါပေမယ့်ကျွန်တော့်စိတ်ထဲမှာတော့ရဲတိုက်ဟာအနုပညာအရည်အသွေးပြည့်ဝတဲ့အတော်ဆုံးမင်းသားတွေထဲကတစ်ယောက်ပါ။

ဒီအချက်ကိုသူ့ကားတွေကြည့်ဖူးတဲ့ပရိသတ်အားလုံးလက်ခံမယ်လို့လည်းထင်ပါတယ်၊အခုတော့ကိုရဲတိုက်တစ်ယောက်ပုဒ်မ၅၀၅နဲ့အဖမ်းခံနေရဆဲပါ၊ဒီမိုကရေစီရပြီးလို့သူလွတ်လာတဲ့အခါကျရင်၊ဒီ့ထက်ကောင်းတဲ့ကားကောင်းတွေ၊ရုပ်ရှင်ကြီးတွေအများကြီးထပ်ရိုက်နိုင်ပါစေလို့မျှော်လင့်မိပါတယ်။….

ရဲတိုက်ဘေးကင်းစွာနဲ့အမြန်ဆုံးလွတ်မြောက်ပါစေဆိုပြီးရေးသားဖော်ပြထားပါတယ်။….

Leave a Reply

Your email address will not be published. Required fields are marked *