ရုပ်ရှင်ရုံထဲသွားပြီး နှစ်ယောက်သား ကဲ ခဲ့တာတွေကို လူတွေမသိဘူးမထင်ပါနဲ့

ရုပ်ရှင်ရုံကို ဘာလို့သွားတာလဲလို့ မေးတဲ့အခါ နည်းနည်းတော့ ရူးကြောင်ကြောင် နိုင်ကြပါလိမ့်မယ်။ တကယ်တော့ ရုပ်ရှင်ရုံကို သွားရခြင်းရဲ့ အဓိက အကြောင်းအရင်းက ကိုယ်နှစ်သက်သဘောကျတဲ့ ရုပ်ရှင်ကားကို အားရပါးရ ကြည့်ရှုချင်လို့ဆိုတဲ့အဖြေက လူတိုင်းလိုလိုမှာ ရှိနေမှာပါ။ သို့ပေမယ့် ခြွင်းချက်အနေနဲ့ ရုပ်ရှင်ရုံကို တခြားအကြောင်းနဲ့ သွားသူတွေ ရှိပါတယ်။

ယနေ့ခေတ်မှာ ရုပ်ရှင်ရုံက မီးတွေ အမှောင်ချလိုက်ပြီဆိုတာနဲ့ တချို့သောစုံတွဲတွေဟာ အချစ်ဗျူဟာတွေ စပါတော့တယ်။ အထူးသဖြင့် ချစ်ခါစ ကြိုက်ခါစ လူငယ်စုံတွဲလေးတွေဟာ အမှောင်ချလိုက်တဲ့ အတွေ့အကြုံကို သိပ်ပြီးပါးရည်နပ်ရည် မရှိသေးတာကြောင့် စိတ်တွေဖောက်ပြားကာ လက်တွေ၊ ခြေထောက်တွေ လျှောက်ကစားကြပါတော့တယ်။

လူငယ်တွေပီပီ သူတို့ကို တစ်စုံတစ်ယောက်က မမြင်နိုင်တော့ဘူးအထင်နဲ့ တချို့ဆို နှစ်ယောက်တစ်ကမ္ဘာအလား ကဲကြပါတော့တယ်။

ရုပ်ရှင်ရုံထဲမှာ အလုပ်ဖြစ်သွားတဲ့ စုံတွဲတွေဟာ စနစ်တကျ စာရင်းပြုစုထားမယ်ဆိုရင် ကျွန်တော်တို့ ထင်ထားတာထက် ပိုများနေလောက်ပါတယ်။ ဒီတော့ သူတို့တစ်တွေ အသိထဲမှာ သူတို့တစ်တွေရဲ့ ချစ်ဗျူဟာတွေကို တခြားသူတွေ မမြင်ဘူးလို့ ထင်နေကြမှာပါ။

အခု ဖော်ထုတ်ချက်ကို ပြုလုပ်ခဲ့သူကတော့ တစ်တော့အသုံးပြုသူတစ်ဦးဖြစ်တဲ့ @no1headache အမည်ရ အကောင့်ပိုင်ရှင် ဖြစ်ပါတယ်။ သူမဟာ Vue Cinema ရဲ့ အလုပ်သမတစ်ဦးဖြစ်ပါတယ်။ ဆိုရရင် အမှောင်မီးတွေ ပိတ်ချလိုက်ချိန်မှာ ဘယ်သူတွေ ဘာဖြစ်နေသလဲဆိုတာကို လုံခြုံရေးအရ စောင့်ကြည့်ရတဲ့အလုပ်ကို လုပ်သူပါ။

သူမ တင်ထားတဲ့ SS စီစီတီဗွီမှတ်တမ်းတွေအရ ရုပ်ရှင်ရုံလာပရိသတ်တွေရဲ့ လှုပ်ရှားမှုတွေကို ရုံဝန်းထမ်းတွေက ကျကျနန မြင်နိုင်တယ်ဆိုတာ သေချာပါတယ်။ ဘာတွေမြင်နိုင်သလဲဆို အကုန်မြင်နိုင်ပါတယ်။ ဘာလို့ဆို သူတို့တစ်တွေဟာ ပရိသတ်ကို Night vision goggles လို့ခေါ်တဲ့ ညကြည့်အထူးမျက်မှန်တွေနဲ့ စောင့်ကြည့်နေကြလို့ပါ။

အဆိုပါဝန်ထမ်းဟာ @mya.ahg အမည်ရ အင်စတာဂရမ်ကိုလည်း ကိုင်တွယ်နေသူပါ။ သူမရဲ့ ထုတ်ဖော်မှုတွေကြောင့် လူပေါင်းများစွာက ဝေဖန်မှုတွေ ပြုလုပ်ခဲ့ရာ၊ သတင်းဌာနတွေက Vue Cinema တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် မှတ်ချက်ပေးတာမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။

ဒါဟာ ပွင့်ပွင့်လင်းလင်းပြောရရင် အများပြည်သူဆိုင်ရာ လုံခြုံရေးကို ချိုးဖောက်ရာ ရောက်လို့-ဥပဒေအရ အရေးယူလို့ရတဲ့ ကိစ္စဖြစ်နေလို့ပါ။

သို့ပေမယ့် ဒီလိုကိစ္စရပ်တွေဟာ Vue Cinema တစ်ခုတည်းမှာပဲ ရှိနိုင်တာမျိုး မဟုတ်ပါဘူး။ တခြား ရုပ်ရှင်ရုံတွေမှာလည်း ဖြစ်နိုင်တယ်လို့ ဆိုရမှာပါ။ အခု ကာယကံရှင် အမျိုးသမီးရဲ့ ဗွီဒီယိုဟာ လွန်ခဲ့တဲ့ (၅)ရက်က တင်ထားခဲ့ရာ၊ ကြည့်ရှုသူ (၁၆.၉)သန်းအထိ ရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *