မင်္ဂလာမဆောင်ခင်မှာ သတို့သားက ရုတ်တရက်ကွယ်လွန်သွားခဲ့ပေမဲ့ မင်္ဂလာဓာတ်ပုံရိုက်မဲ့အစီအစဉ်ကိုဖြတ်ပစ်ဖို့ငြင်းဆိုခဲ့တဲ့ သတို့သမီး

Kendall Murphy အမည်ရှိအမျိုးသား နှင့် Jessica Padgett အမည်ရှိအမျိုးသမီး တို့စုံတွဲဟာ 29.9.2018 မှာကျင်းပမဲ့ ၎င်းတို့မင်္ဂလာပွဲအတွက် အဆင်သင့်ဖြစ်နေခဲ့ပေမဲ့ အသက် ၂၇ နှစ်အရွယ် Murphy က ရက်စက်တဲ့အဖြစ်အပျက်တစ်ခုကြောင့် နိုဝင်ဘာ ၁၀ ရက်၊ ၂၀၁၇ ခုနှစ်မှာသေဆုံးသွားခဲ့ပါတယ်။

သတို့သမီးလောင်း Padgett ဟာ သူမဘဝရဲ့လက်တွဲဖော်နဲ့ လက်မထပ်မီကတည်းကပင် သူမတို့ရဲ့မင်္ဂလာနေ့ရက်များကို ရေတွက်နေခဲ့ပြီး သူမအတွက်ပြီးပြည့်စုံတဲ့မင်္ဂလာဂါဝန်ကိုတောင်ရွေးချယ်ထားခဲ့တဲ့အပြင် DJ တစ်ဦးနှင့် ၎င်းတို့ရဲ့ညစာမီနူးကိုလည်းကြိုတင်စာရင်းသွင်းထားခဲ့ပြီး မင်္ဂလာပွဲအတွက် အဆင်သင့်ဖြစ်နေခဲ့ပါတယ်။

ကံမကောင်းစွာဘဲ ထိုနေ့မှာ စေတနာ့ဝန်ထမ်း မီးသတ်သမားဖြစ်တဲ့ Murphy ဟာ အင်ဒီယားနားပြည်နယ်၊Daviess ကောင်တီရှိ ကားတိုက်မှုဖြစ်ပွားရာနေရာသို့ရောက်ရှိနေခဲ့ပြီး ဓားစာခံတစ်ဦးကိုကူညီပေးနေစဉ်အတွင်း အရက်မူးနေတဲ့ယာဉ်မောင်းတစ်ဦးက သူ့အားသေလုနီးပါးဖြစ်သွားတဲ့အထိရိုက်ထားတဲ့ဒဏ်ကြောင့် သူဟာ သေဆုံးသွားခဲ့ရပါတယ်။ ”

ကျွန်မ အဲဒီသတင်းကိုကြားတော့ ခေါင်းကနေ ခြေဖျားထိ ထုံကျဉ်ပြီး လဲကျသွားတာကို ကျွန်မ မှတ်မိတယ်၊ ကျွန်မ အိပ်မက်ဆိုးကြီး မက်နေသလိုမျိုး တစ်ယောက်ယောက်က ကျွန်မကို နောက်နေသလိုမျိုးခံစားခဲ့ရတယ် ” လို့ Padgett ကပြောကြားခဲ့ပါတယ်။

ထို့နောက် Padgett ဟာ သူမရဲ့မင်္ဂလာပွဲအစီအစဉ်အားလုံးဖျက်သိမ်းတဲ့ကိစ္စလုပ်ဆောင်နေစဉ်မှာ သူမက လုပ်စရာတစ်ခုခုရှိနေတာကိုသဘောပေါက်ခဲ့ပြီး Murphy နဲ့ လက်ထပ်မယ့်နေ့မှာ Padgett နဲ့ မင်္ဂလာဆောင်ဓာတ်ပုံရိုက်မဲ့အလွန်ထူးခြားတဲ့တောင်းဆိုချက်တစ်ခုဖြင့် ဓာတ်ပုံဆရာတစ်ဦးထံသို့ဆက်သွယ်ခဲ့ပါတယ်။

ဓာတ်ပုံရိုက်ကူးတဲ့နေ့မှာ Padgett ဟာ သူမမျှော်လင့်ထားတဲ့ဇာပန်းထိုးအဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး အဝါရောင်နေကြာပန်းစည်းကိုကိုင်ဆောင်ကာ Murphy ရဲ့အုတ်ဂူသို့သွားရောက်ပြီး သူမတို့နှစ်ဦးရဲ့ချစ်ခြင်းမေတ္တာကိုဂုဏ်ပြုအသိအမှတ်ပြုပေးခဲ့ပါတယ်။

Padgett ဟာ သူမရဲ့ကြီးမားတဲ့နာကျင်မှုကိုမေ့ပျောက်ထားပြီး သူမ ချစ်ပေမဲ့လည်းဆုံးရှုံးသွားတဲ့အမျိုးသားကိုအောက်မေ့သတိရစွာဖြင့် ပျော်ရွှင်စွာဓာတ်ပုံရိုက်ခဲ့ပြီး သတို့သားမှလွဲပြီး အားလုံးပါဝင်နေတာကြောင့် ဓါတ်ပုံရိုက်ခြင်းမှာ အလွန်စိတ်လှုပ်ရှားစရာကောင်းတယ်လို့လည်းဆိုခဲ့ပါတယ်။

Murphy ရဲ့အုတ်ဂူမှာ သူ့ရဲ့မီးသတ်သမား ယူနီဖောင်း ၊ ဦးထုပ် နဲ့ ဘွတ်ဖိနပ် နဲ့ အမေရိကန် အလံပါ ထားရှိထားပေမဲ့ ဝမ်းနည်းစရာကောင်းတာက ထိုနေရာမှာရပ်နေသူမှာ Padgett တစ်ယောက်တည်းဖြစ်ပါတယ်။

ရိုက်ကူးမှုအပြီးမှာ Padgett က သူမဟာ မှန်ကန်တဲ့အရာကိုလုပ်ဆောင်နိုင်ခဲ့ကြောင်းကိုလည်း သူမကိုယ်တိုင်ဖြေသိမ့်စကားဆိုခဲ့ပါသေးတယ်။

Murphy က Dodge Ram pickup truck ဖြင့်ထိမှန်ခဲ့တယ်လို့ Montgomery မီးသတ်ဦးစီးချုပ် Tim Showalter အဆိုအရသိရပေမဲ့ သေဆုံးသူနဲ့မတူတာက Colby Blake အမည်ရှိကားမောင်းသူဟာ မတော်တဆမှုမှာ အရက်သောက်ထားတာဘဲဖြစ်ပါတယ်။

ထိုရလဒ်ကြောင့် ထိုကားမောင်းသူဟာ မော်တော်ယာဉ်မောင်းနှင်စဉ် အရက်သေစာသောက်သုံးခြင်း နှင့် လူသတ်မှုတို့ဖြင့် တရားစွဲဆိုခံထားရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *