အွန်လိုင်းကနေ စာသင်ကြားဖို့ရာ ဖုန်းမဝယ်နိုင်၍ ကျောင်းထွက်ကာ မိခင်ဖြစ်သူအား ဈေးရောင်းကူခဲ့သည့် သားလိမ္မာလေး

အွန်လိုင်းကနေ စာသင်ကြားဖို့ရာ ဖုန်းမဝယ်နိုင်၍ ကျောင်းထွက်ကာ မိခင်ဖြစ်သူအား စျေးရောင်းကူခဲ့သည့် သားလိမ္မာလေး

ဗီယက်နမ်နိုင်ငံမှ အသက်၁၂နှစ်အရွယ် ကောင်လေးတစ်ဦးသည် စက်ဘီးတစ်စီးနှင့်အတူ နေ့စဥ် လမ်းမပေါ်ထွက်ပြီး ကန်စွန်းရွက်ခြင်းတောင်းကို နောက်ကကြိုးနဲ့ချည်ကာ လှည့်လည်ရောင်းချခြင်းဖြင့် မိသားစုအသုံးစရိတ်အတွက် ဝင်ငွေရှာကူခဲ့သည်။

ကောင်လေးသည် ရောဂါကာလအတွင်း ကျောင်းများပိတ်ကုန်ကာ အွန်လိုင်းကနေတစ်ဆင့် စာသင်ကြားချင်သော်လည်း အိမ်ကမိသားစုမှ စားဖို့သောက်ဖို့ရာပင် အနိုင်နိုင်ဖြစ်နေ၍ ဖုန်းလေးတစ်လုံးကို ဝယ်ပေးဖို့ရာ မတတ်နိုင်ခဲ့ကြပေ။

ထို့ကြောင့် ကောင်လေးသည် အတင်းပူဆာမနေပဲ ကျောင်းထွက်ကာ နေ့စဥ် မိခင်ဖြစ်သူနှင့်အတူ ထီလက်မှတ်များ ရောင်းချကူခဲ့ပြီး ကန်စွန်းရွက်တို့ကိုလည်း ရောင်းချကာ ကြင်ဖော်မဲ့မိခင်ဖြစ်သူအတွက် သားလိမ္မာလေးအဖြစ် ရပ်တည်လျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *