ချစ်သူမိန်းကလေးမှ ချောမောလှပကာ ချစ်စရာကောင်းလွန်းသည့်အတွက် အခြားယောကျာ်းလေးများမှ လာကြိုက်မည်ကို စိုးရိမ်ပြီး ချစ်သူလေးအား ဖက်တီးမလေးဖြစ်အောင် လုပ်ဆောင်ခဲ့သော အမျိုးသား

ချစ်သူမိန်းကလေးမှ ချောမောလှပကာ ချစ်စရာကောင်းလွန်းသည့်အတွက် အခြားယောကျာ်းလေးများမှ လာကြိုက်မည်ကို စိုးရိမ်ပြီး ချစ်သူလေးအား ဖက်တီးမလေးဖြစ်အောင် လုပ်ဆောင်ခဲ့သော အမျိုးသား

တရုတ်နိုင်ငံမှ အသက် ၂၅နှစ်အရွယ် မိန်းကလေးသည် ပထမဆုံးအကြိမ်အဖြစ် ရည်းစားစထားခဲ့ရာ ကောင်လေးမှ အရမ်းချစ်သော်လည်း သဝန်တိုလွန်း စိတ်မချလွန်းတွေဖြစ်ကြရာ မကြာခဏ စကားများခဲ့ကြသည်။

ကောင်လေးသည် သူ့ရဲ့ချစ်သူမိန်းကလေးမှ ဆွဲဆောင်မှုပြင်းပြီး အရမ်းချစ်ဖို့ကောင်းနေတာကြောင့် အခြားသော သူစိမ်းယောကျာ်းတွေမှ ရည်းစားစကားလာပြောမည်ကို စိုးရိမ်ကာ တစ်နေ့တစ်နေ့ သဝန်တိုစိတ်တွေက များလာခဲ့သည်။

ထို့ကြောင့် ကောင်လေးသည် ချစ်သူမိန်းကလေးအား သူတစ်ယောက်တည်း ပိုင်ဆိုင်လိုသည့်အတွက် အခြားသူများ လာမကြိုက်ရလေအောင် မိန်းကလေးအား တစ်နေ့ကို ထမင်း၅နပ်ကျွေးခဲ့ပြီး ညသန်းခေါင် တရေးနိုးချိန်မှာလည်း ချစ်သူလေးစားချင်တာကို ဝယ်ပြီးအိမ်တိုင်ရောက် ပို့ဆောင်ပေးခဲ့သည်။

ထိုသို့ လုပ်ဆောင်ပေးခြင်းဖြင့် ချစ်သူမိန်းကလေးမှာ ၂နှစ်အကြာတွင် ဖက်တီးပုတ်မလေးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီးနောက် သူမအရမ်းကြိုက်သော စားသောက်ဆိုင်တစ်ဆိုင်ရဲ့ရှေ့တွင် ချောကလက်ပန်းစည်းလေးပေးကာ လက်စွပ်နှင့်အတူ လက်ထပ်ခွင့်တောင်းခဲ့သည်။

ထိုအဖြစ်ကြောင့် အများမှ မိန်းကလေးအား အရမ်းအချစ်ခံရခြင်းကြောင့် အားကျရသော်လည်း အချို့ကျ ကိုယ်ပိုင်အခွင့်အရေးကို ပိတ်ပင်တားဆီးသူအဖြစ် ပြောဆိုဝေဖန်ခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *