သားစိုး ပြန်ပြောပြလာတဲ့ ပရီတ်သတ်တွေ ခုထိ မမေ့နိုင်သေးဘူးဆိုတဲ့ ” တကယ်ဂေါ်တဲ့ ဘဲကြီး” အကြောင်း

ပြည်သူတွေ ဘယ်တော့မှ မမေ့နိုင်သော၊ ဉီးဇင်းဝတ်နဲ့ ပျံလွန်တော်မူသွားသော မင်းသားကြီး ကျော်ဟိန်းနဲ့ ပတ်သက်သော ကိုယ်တွေ့ အကြောင်းအရာတစ်ခုကို အဆိုတော်သားစိုးမှ အများပြည်သူ ပရိသတ်များ သိရှိနိုင်စေရန် အခုလို မှတ်မှတ်ရရ တမ်းတမ်းတတ ပြောပြလာခဲ့ ပါတယ်။

အဆိုတော်သားစိုးက “ဘဝမှာအကြိုက်ဆုံး မြန်မာမင်းသားကကျော်ဟိန်းပဲ၊ စိန်ဂေါ်လီဂိုဏ်း အကြောင်းတွေ၊ သဘာဝကျကျ ဖျင်ပြောင်ကြီးနဲ့ ရေနံချေးသုတ်တာတွေ ဒဿနသီချင်းတွေ ကျွန်တော်တို့လူငယ်ဘဝကို အလွှမ်းမိုးနိုင်ဆုံးထဲက တယောက်ပါ၊ ဒီလိုနဲ့ အနုပညာလောကထဲ ရောက်ပြီး တနေ့တော့ဦးကျော်က သီချင်းလာအပ်တယ် ကျွန်တော်ဆီ လာတာပါ။

taxiနဲ့ လာတာ ဂေါ်တယ် လူဘဝစုံစုံလင်လင် သိချင်လို့ taxiနဲ့လျှောက်သွား တာတဲ့၊ သူနဲ့ ခဏပဲ ဆုံဖြစ်ပေမယ့် အများကြီး သင်ပေးသွားတယ်.. အပျော်ဆုံးက ကျွန်တော်သီချင်းတွေ သူကြိုက်တယ် နားထောင်တယ်ဆိုတာနဲ့တင် လူက မိုးပေါ်ရောက်နေပြီ။

အဲတုန်းက ပျော်လိုက်တာ ကျော်ဟိန်းနဲ့ တွေ့ခွင့်ရတဲ့အပြင် သူက သီချင်းအပ် တာလေ၊သူက electronic ဂီတ ခုခေတ်အခေါ် EDMပေါ့။ အဲဒါလည်း အရမ်းကြိုက်ဆိုပဲ သူသီချင်းအပ်ပြီး အဲတုန်းက ကျွန်တော်က နိုင်ငံခြား ပြန်ထွက်သွားတော့ သူနဲ့အဆက်အသွယ် ပြတ်သွားတယ်။

သူ့အတွက် လုပ်ပေးထားတဲ့ သီချင်းကတော့ ရှိတုန်းပဲ၊ ပြန်တော့ ရှာရမယ် သူလိုချင်တဲ့ ideaတွေ ပြောပြသွားတာ အရမ်းမိုက်။ ရေလည်ဂေါ်တဲ့ ဘဲကြီးဗျာ အရမ်းလတ်ဆတ်တယ် အတွေးအခေါ်တွေ၊ သူဆုံးတယ် ကြားတော့ မျက်ရည်ဝဲတယ်။ သူကတော့ လောကကို တရားပြရင်း ထွက်ခွာသွားနှင့်တာ ပေါ့လေ။

အော်ကြူးလို အနုပညာ ကဝေကြီးတွေ အသက်ရှည်ပါ စေလို့ပဲ ဆုတောင်းမိတယ်၊ ရေးရင်းနဲ့ သူ့သီချင်းတွေ ဖွင့်ဖြစ်ရင်း သူကိုလွမ်းရင်း”ဆိုပြီးတော့ အဆိုတော်သားစိုးက သူ့ရဲ့လူမှုကွန်ယက်ထက်မှာ လူတိုင်းလေးစား အားကျရတဲ့နိုင်ငံကျော် မင်းသားကြီး ဉီးကျော်ဟိန်းတစ်ယောက် သူ့ဆီ စိုက်စိုက်မြိုက်မြိုက် ရောက်လာခဲ့ပုံတွေကို ရေးသား ဖော်ပြ လာခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးထဲမှာကော သဘာဝမင်းသားကြီး အနုပညာမှော် ကဝေကြီး ဉီးကျော်ဟိန်းကို ယခုအချိန်ထိ မေ့မရတဲ့ သူတွေ ရှိသေးလား ပြောပေးခဲ့ ကြပါအုံးနော်။

Leave a Reply

Your email address will not be published. Required fields are marked *