တန်ဆောင်မုန်းလပြည့်နေ့လေးမှာ မချိတင်ကဲနဲ့ စာလေးတစ်စောင် ရေးသားလာတဲ့ အာဇာနည်

တန်ဆောင်မုန်းလပြည့်နေ့လေးမှာ မချိတင်ကဲနဲ့ စာလေးတစ်စောင် ရေးသားလာတဲ့ အာဇာနည်

အဆိုတော် အာဇာနည်လို့ဆိုလိုက်ရင်တော့အနုပညာလမ်းကြောင်းပေါ်မှာ ၁၀ နှစ်မကရပ်တည်လာခဲ့တဲ့သူဆိုရင်တော့ မသိသူမရှိလောက်ပါဘူးနော်..

အသံပါဝါကောင်းကောင်းနဲ့သီဆိုတတ်သူ ဖြစ်တာကြောင့် ပရိသတ်တွေက အားပေးကြမ်းနေကြတာ ဖြစ်ပါတယ်နော်.. အာဇာနည်ကတော့ သားလေး ၂ ယောက်နဲ့အတူ သမီးလေးတစ်ယောက်ကိုပိုင်ဆိုင်ထားတာကြောင့် သာယာတဲ့မိသားစုဘ၀လေးကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်နော်..

အာဇာနည်ကတော့ မြန်မာပြည်ရဲ့လက်ရှိအခြေအနေမှာလည်း ပြည်သူနဲ့အတူတစ်သားတည်းရပ်တည်ခဲ့သူဖြစ်တာကြောင့် တိမ်းရှောင်နေရတာ ဖြစ်ပါတယ်နော်.. လွန်ခဲ့တဲ့လပိုင်းတုန်းကလည်း ဖခင်ကြီးရဲ့မွေးနေ့ကိုလည်း အဝေးကနေပဲ ကန်တော့ခဲ့တာ ဖြစ်ပါတယ်နော်..

တိမ်းရှောင်တဲ့နေရာမှာနေပြီးတော့လည်း မိသားစုကိုလွမ်းနေကြမှာ အသေအချာပါပဲနော်. အဆိုတော်အာဇာနည်ကတော့မိသားစုကိုပါ လွတ်မြောက်နယ်မြေကို ခေါ်သွားခဲ့တာ ဖြစ်ပါတယ်နော်..

ဒီနေ့လေးမှတော့ အာဇာနည်မှာ သေကြ ကျေကြ ဖမ်းကြ စီးကြ ရဲ့ တဖက်မှာ လှူကြ တန်းကြ ပျော်ကြ ရွှင်ကြ မူးကြ ရူးကြ#တန်ဆောင်မုန်းလပြည့်နေ့မှာ စိတ်ထဲမှာအားမလို အားမရချက်တွေနဲ့ စာလေးရေးသားလာခဲ့ပါတယ်နော်…

အာဇာနည်ရေးသားထားတဲ့ ပို့စ်လေးအောက်မှာတော့ ရည်ရွယ်ချက်နဲ့ ခံစားချက်တူသူတွေရဲ့ အားပေးစကားတွေရေးသားထားကြပါတယ်နော်..

ပရိသတ်ကြီးလည်း အာဇာနည်တို့လို လွတ်မြောက်နယ်မြေရောက်ရှိနေတဲ့ သူတွေအားလုံးအတွက် ဆုတောင်းစကား‌လေး ရေးပေးခဲ့ပါအုံးနော်…

Leave a Reply

Your email address will not be published. Required fields are marked *