ခုလက်ရှိ သူ့ရဲ့ အချစ်ရေးနဲ့ပါတ်သက်ပြီး ပရိတ်သတ်ကြီးထံ ဖွင့်ချလိုက်တဲ့ အဆိုတော် G Fatt

လူငယ်အဆိုတော်တစ်ယောက်ဖြစ်တဲ့ G fatt ကတော့ အမိုက်စား rap သီချင်းတွေကို ပရိသတ်ရင်ထဲရောက်အောင် သီဆိုနိုင်သူတစ်ယောက်ပါ။ G Fatt ကတော့ ကိုယ်ပိုင်အမ်ဘမ်တွေလည်း ထွက်ရှိထားပြီး အခွေအားလုံး အောင်မြင်ခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပိုင်းမှာရော သီချင်းရေးတဲ့ဘက်မှာပါ ပါရမီပါတဲ့ အဆိုတော်ဂျီဖက်ကတော့ အောင်မြင်တဲ့လမ်းကြောင်းပေါ်မှာ ဆက်လက်ပြီး ရပ်တည်နေအုံးမယ်ဆိုတာလည်း ပရိသတ်တွေက ယုံကြည်ထားနေကြတာ ဖြစ်ပါတယ်။

ဂျီဖတ်ကတော့ အဆိုတော်နန်းဆုနဲ့လမ်းခွဲပြီးနောက်ပိုင်းမှာတော့ ကိုယ်ပိုင်သီချင်းတွေနဲ့ပဲ ရပ်တည်နေတယ် ဆိုပြီးတော့လည်း အင်တာဗျူးတွေမှာ ဖြေထားပါသေးတယ်။

ဂျီဖတ်ကတော့ လူငယ်ပီပီ အနုပညာလမ်းကြောင်းတွေကိုလည်း အောင်မြင်အောင် လုပ်နိုင်ခဲ့သူပီပီ G Fatt ကတော့လူထုလှုပ်ရှားမှုကြီးမှာလည်း တတ်တတ်ကြွကြွပါဝင်ခဲ့ပြီး လမ်းပေါ်ထိထွက်ကာ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရပ်တည်ခဲ့တာလည်းဖြစ်ပါတယ်။

Gfatt ကတော့ ရက်ကြီးရက်မြတ်တွေမှာဆိုရင် အလှူအတန်းများကို သူတတ်နိုင်တဲ့ဘက်ကနေအကောင်းဆုံးပါဝင်ကူညီ လှူဒါန်းနေတာပဲဖြစ်ပါတယ်နော်။

အခုတစ်ခါမှာဆိုရင်လဲ အဆိုတော် Gfatt က အချစ်နဲ့ပက်သက်လို့ ယုံကြည်မှုရှိပြီဆိုတဲ့ ခေါင်းစဉ်နဲ့အတူ ပရိသတ်တွေကို စိတ်ဝင်စားအောင် လုပ်လာခဲ့ပြီဖြစ်ပါတယ်နော်။

သူရေးထားတဲ့ပို့်စ်အောက်မှာတော့ တကယ်ပဲအချစ်စစ်ကို တွေ့ရှိပြီလားဆိုတဲ့ မေးခွန်းတွေ မေးထားခဲ့ကြပေမယ့် ဂျီဖတ်က ပြန်လည်ဖြေထားခြင်း မရှိသေးပါဘူးနော်။

ပရိသတ်ကြီးလည်း G Fatt ရဲ့ ချစ်သူသစ်လေးက ဘယ်သူဖြစ်နိုင်လဲဆိုတာ ခန့်မှန်းကြည့်ကြပါအုံးနော်။

Leave a Reply

Your email address will not be published. Required fields are marked *