ချစ်သူလေးအတွက် လက်ထပ်လက်စွပ်အမိုက်စားကြီးကို ထုတ်ပြလာတဲ့ စိန်ဖြိုးလှိုင်

ချစ်သူလေးအတွက် လက်ထပ်လက်စွပ်အမိုက်စားကြီးကို ထုတ်ပြလာတဲ့ စိန်ဖြိုးလှိုင်

ပရိသတ်ကြီးရေ…..မင်းသမီးချော နန္ဒာလှိုင်ရဲ့ မောင်လေးဖြစ်တဲ့ ဒေါက်တာစိန်ဖြိုးလှိုင်ကို ပရိသတ်တွေလည်းသိကြမယ်ထင်ပါတယ်နော်။ သူဟာ တစ်ချိန်က ‘မောင်’ ဆိုတဲ့နာမည်နဲ့ သရုပ်ဆောင်မင်းသားတစ်ယောက်အနေနဲ့ရပ်တည်ခဲ့တာဖြစ်ပြီ ဇာတ်ကားပေါင်းများစွာရိုက်ကူးခဲ့တဲ့သူပါ။

အခုချိန်မှာဆိုရင်တော့ဒေါက်တာစိန်ဖြိုးလှိုင်ဟာ အနုပညာအလုပ်တွေကို ရပ်နားလိုက်ပြီဖြစ်ပြီး ဆရာဝန်တစ်ယောက်အနေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်….။ စိန်ဖြိုးလှိုင်ဟာ သူ့ရဲ့ရပ်တည်ချက်နဲ့ပက်သက်ပြီး ပြတ်ပြတ်သားသားလုပ်လေ့ရှိတဲ့သူတစ်ဦးဖြစ်တာကိုလည်းတွေ့ရပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေမှာဆိုရင်လည်း တတ်နိုင်တဲ့ဘက်ကနေပါဝင်နေတဲ့သူဖြစ်ပြီး သူ့ရဲ့Masterဘွဲ့တစ်ခုကိုပါ လက်လွှတ်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

စိန်ဖြိုးလှိုင်နဲ့ ရီရီပွင့်ဖြူတို့ ချစ်သူနှစ်ဦးကတော့ စိတ်တူကိုယ်တူနဲ့ ပျော်စရာလေးတွေကို ပရိသတ်တွေကို ဝေမျှပေးလေ့ရှိတာကြောင့် ပရိသတ်များက ချစ်ခင်အားပေးနေကြတာ ဖြစ်ပါတယ်။

ပျော်စရာလေးတွေကိုလည်း အတူတကွလုပ်တတ်ကြသလို အလှူအတန်းမှာဆိုရင်လည်း နှစ်ယောက်သားက တိုင်တိုင်ပင်ပင်နဲ့ လုပ်လေ့ရှိကြပါတယ်။မကြာခင်မှာလည်း ချစ်သူလေးနဲ့လက်ထပ်ဖို့အတွက် ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီပဲ ဖြစ်ပါတယ်။

အခွီဗီဒီယိုတွေ တင်လေ့ရှိတဲ့စိန်ဖြိုးလှိုင်တို့ ချစ်သူနှစ်ဦးကတော့ အခုမှာလည်း ဗီဒီယိုလေးတစ်ခု Tik Tok မှာ တင်ပေးလာခဲ့တာ ဖြစ်ပါတယ်နော်…

ဒါကတော့ သူ့ရဲ့ချစ်သူလေးကို ဘယ်သူနဲ့မှမတူအောင် အဂေါ်ဆုံး လက်ထပ်လက်စွပ်ဝယ်ပေးခဲ့တဲ့ စိန်ဖြိုးလှိုင်ရဲ့ဗီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။

စိန်ဖြိုးလှိုင်ကတော့ မုန့်တစ်ခုကို လက်စွပ်လို သဘောထားပြီး စနောက်ခဲ့တာ ဖြစ်ပေမဲ့ ရီရီကတော့ အရမ်းကိုသဘောကျနေတာ ဖြစ်ပါတယ်နော်…

ပရိသတ်ကြီးလည်း စိန်ဖြိုးလှိုင်တို့ရဲ့ အမိုက်စားလက်ထပ်လက်စွပ်လေးကို ကြည့်ပြီး ထပ်တူကြည်နူးနိုင်ကြပါစေနော်..

Leave a Reply

Your email address will not be published. Required fields are marked *