စိန်ရွှေရတနာဆိုင် ဖွင့်ပြီး ကိုယ်တိုင် live လွှင့်ရောင်းချနေတဲ့ သရုပ်ဆောင်ထက်ထက်မိုးဦး

စိန်ရွှေရတနာဆိုင် ဖွင့်ပြီး ကိုယ်တိုင် live လွှင့်ရောင်းချနေတဲ့ သရုပ်ဆောင်ထက်ထက်မိုးဦး

သရုပ်ဆောင်မင်းသမီးချော ထက်ထက်မိုး ဉီးကတော့ အမို.က်စား သရုပ်ဆောင်ချက်တွေနဲ့အတူ ကျရာဇာတ်ကောင်တွေမှာ ချစ်စရာဟန်ပန်အမူအယာတွေနဲ့ အကောင်းဆုံးအပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်ကြီးတွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာ အပြည့်အဝ ရရှိပိုင်ဆိုင်ထားနိုင်ခဲ့သူ တစ်ယောက်ပါပဲနော်။

အခုတစ်ခါမှာဆိုရင် ပြည်သူ့အချစ်တော် မင်းသမီးထက်ထက်ကတော့ စိန်ရွှေရတနာဆိုင်ဖွင့်ပြီး ကိုယ်တိုင်ရောင်းချနေတဲ့အကြောင်းကို အခုလို ပြောပြထားပါတယ်နော်။

ထက်ထက်က “ထက်ထက်ကိုယ်တိုင် ရတနာတွေစုပြီး အထည်တွေခတ် ရောင်းချပေးမယ့် ထက်ရဲ့ HtetsJewelry“ ဆိုပြီးတော့ သူမရဲ့လူမှုကွန်ယက် ဖေ့ဘုတ်စ်စာမျက်နှာထက်မှာ Live လွှင့်ရင်း ပြောလာခဲ့ တာပဲဖြစ်ပါတယ်။

ထက်ထက်ဟာဆိုရင် တုဖက်ပြိုင်ကင်းတဲ့ ကြော်ငြာမင်းသမီးအဖြစ် နှစ်ပေါင်းများစွာ ကြော်ငြာလောကကို အုပ်စိုးခဲ့ပြီး အနုပညာအလုပ်တွေ ရပ်နားထားရာမှ အွန်လိုင်းထက်မှာ Live Sales များ လိုက်လံရောင်းချပေးရာမှာလည်း ပရိသတ်တွေက ဝက်ဝက်ကွဲ အားပေးဝယ်ယူကြတာကို တွေ့မြင်ခဲ့ကြရပြီး နှစ်ပေါင်းမည်မျှကြာကြာ ခေတ်ကာလတွေ ဘယ်လိုပင်ပြောင်းပြောင်း ထက်ထက်ဆိုတာ ကြော်ငြာဘုရင်မပါပဲလို့ ပြောစမှတ်တွင်ခဲ့ရတဲ့ အထိပါပဲနော်။

ယခုလည်း ထက်ထက်ကိုယ်ပိုင် ရတနာဆိုင်ပေ့ချ်ကို ထက်ထက်ကိုယ်တိုင် ကြော်ငြာရောင်းချပေးသွားမှာဖြစ်တဲ့အတွက် ပိုမိုအားပေးကြအုံးမလားဆိုတာ စောင့်ကြည့်ရမှာပါပဲနော်။

ပရိသတ်ကြီးထဲမှာကော ထက်ထက်ကို ချစ်ခင်အားပေးကြတဲ့သူတွေ ရှိကြလား? ထက်ထက်ရောင်းချပေးမယ့် ရတနာတွေကို တန်ဖိုးထားဝယ်ယူ ဝတ်ဆင်မယ့်သူတွေ ရှိကြမယ်ထင်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *