သူမရဲ့ခင်ပွန်းဖြစ်သူဦးချစ်ပြုံးကွယ်လွန်သွားတာ ရက်(၁၀၀)ကျော်ပြီဖြစ်ပေမယ့်လည်း ခုချိန်ထိလွမ်းဆွတ်နေရှာတဲ့ သရုပ်ဆောင်ဂွမ်းပုံကြီး

သူမရဲ့ခင်ပွန်းဖြစ်သူဦးချစ်ပြုံးကွယ်လွန်သွားတာ ရက်(၁၀၀)ကျော်ပြီဖြစ်ပေမယ့်လည်း ခုချိန်ထိလွမ်းဆွတ်နေရှာတဲ့ သရုပ်ဆောင်ဂွမ်းပုံကြီး

ပရိသတ်တွေချစ်ခင်အားပေးရတဲ့သရုပ်ဆောင်တွေဖြစ်ကြတဲ့ဂွမ်းပုံကြီးနဲ့ဦးချစ်ပြုံးတိူ့ကတော့အနုပညာနယ်ပယ်မှာဆယ်စုနှစ်တခုကြာရပ်တည်ခဲ့တဲ့သူတွေလည်းဖြစ်ပါတယ်။

ကျရာဇာတ်ရုပ်မှာပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်ပြီးလိုက်ဖက်တဲ့အနုပညာစုံတွဲလည်းဖြစ်ပါတယ်။ဇာတ်ပို့သရုပ်ဆောင်ဂွမ်းပုံကြီးရဲ့ခင်ပွန်းသရုပ်ဆောင်ဦးချစ်ပြုံးဟာဇူလိုင်လ၃ဝရက်နေ့ကကိုဗစ်ရောဂါကွယ်လွန်သွားခဲ့ပါတယ်။

ဦးချစ်ပြုံးဟာဝါရင့်ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တဦးဖြစ်ပြီး၊မြန်မာရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားများစွာမှာပါဝင်ခဲ့သူဖြစ်ပါတယ်။

ဦးချစ်ပြုံးကွယ်လွန်သွားတဲ့အတွက်မိသားစုနဲ့ချစ်တဲ့ပရိသတ်တွေကဝမ်းနည်းခဲ့ရပါတယ်။အိမ်ထောင်သက်၄၉နှစ်ပြည့်ပြီး၃ရက်အကြာမှာရုတ်တရတ်ကွယ်လွန်သွားခဲ့တာကြောင့်ဂွမ်းပုံကြီးအတွက်ကတော့အလွန်ဝမ်းန.ည်းစရာပဲဖြစ်ပါတယ်။

အနုပညာအလုပ်ကိုငယ်စဉ်ကတည်းကဝါသနာပါခဲ့တဲ့ဂွမ်းပုံကြီးကအသက်၈နှစ်အရွယ်မှာအရပ်ထဲကပြဇာတ်တွေလိုက်ကခဲ့ပါတယ်။အဲ့ဒီနောက်အနုပညာအလုပ်လုပ်ဖို့အခွင့်အရေးရခဲ့တဲ့အချိန်မှာတော့ကြိုးကြိုးစားစားဆောင်ရွက်ခဲ့ပါတယ်။ ဂွမ်းပုံကြီးကတော့ရုပ်ရှင်ဇာတ်ကားတွေထဲမှာပါဝင်ရင်း‌တွေ့မြင်ပါများရင်းဦးချစ်ပြုံးနဲ့ဆုံတွေ့ခဲ့ကြပါတယ်။

အနုပညာလောကမှာအတူကြိုးစားရုန်းကန်ရင်းအိမ်ထောင်သ.က်၄၉နှစ်ပြည့်ပြီး၃ရက်အကြာမှာ‌ချစ်ရတဲ့ခင်ပွန်းဖြစ်သူဟာကွယ်လွန်ခဲ့ပါတယ်။ တတိယလှိုင်းမှာအောက်ဆီဂျင်ရုတ်တရတ်ကျပြီးကွယ်လွန်သွားခဲ့တဲ့ခင်ပွန်းဖြစ်သူအတွက်ဂွမ်းပုံကြီးကတော့ဝမ်းနည်းစွာလွမ်းဆွတ်တမ်းတနေခဲ့ပါတယ်။

လက်ရှိမှာတော့လိမ္မာတဲ့သားနှစ်ယောက်ကျန်ခဲ့ပါတယ်။တန်ဖိုးရှိတဲ့အနုပညာရှင်တစ်ယောက်ကြွေလွင့်သွားတဲ့အတွက်ပရိတ်သတ်တွေကများစွာစိတ်မကောင်းဖြစ်နေတာကိုလည်းတွေ့မြင်ရပါတယ်နော်။

ပရိသတ်ကြီးရေခင်ပွန်းကွယ်လွန်သွားလို့ဝမ်းနည်းနေတဲ့အန်တီဂွမ်းပုံကြီးကိုအားပေးစကားလေးတွေပြောခဲ့ပါအုန်းနော်။ဦးချစ်ပြုံးလည်းကောင်းရာမွန်ရာဘုံဘဝသို့ရောက်ရှိပါစေလို့ဆုတောင်းပေးပါတယ်။

မြန်မာပြည်ကြီးလဲအမြန်ဆုံးငြိမ်းချမ်းပြီးဖတ်ရှု့ပေးကြတဲ့မြန်မာပြည်သူ/သားများအားလုံးစစ်အာဏာရှင်လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *