အင်္ဂလိပ်သီချင်းကို မာန်ပါပါနဲ့ သီဆိုနေတဲ့ သားလေးရဲ့ ဗီဒီယိုလေးကိုတင်ပေးလာတဲ့ ယွန်း၀တီလွင်မိုး

အင်္ဂလိပ်သီချင်းကို မာန်ပါပါနဲ့ သီဆိုနေတဲ့ သားလေးရဲ့ ဗီဒီယိုလေးကိုတင်ပေးလာတဲ့ ယွန်း၀တီလွင်မိုး

အနုပညာလမ်းကြောင်းပေါ်မှာ တစ်ချိန်ကအောင်မြင်မှုထိပ်ဆုံးမှာ ရပ်တည်ခဲ့တဲ့အကယ်ဒမီမင်းသားကြီးလွင်မိုးကိုတော့ လူတိုင်းသိကြမယ်ထင်ပါတယ်နော်..လွင်မိုးကတော့ အနုပညာအလုပ်တွေကိုလည်း အောင်မြင်အောင်လုပ်နိုင်ပြီး ခုချိန်မှာတော့ ကိုယ်ပိုင်စီးပွားရေးတွေနဲ့ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လို့ ပြောလို့ရနေပါပြီနော်…

လွင်မိုးကတော့ အနုပညာမျိုးဆက်လေးဖြစ်တဲ့ သမီးဖြစ်သူ ယွန်း၀တီလွင်မိုး နဲ့အတူမြေးလေးဖြစ်သူ Liam လေးကိုလည်း ပရိသတ်တွေကချစ်ခင်အားပေးနေကြတာ ဖြစ်ပါတယ်နော်..

ယွန်းဝတီလွင်မိုးကတော့ လက်ရှိမှာ ပြည်ပနိုင်ငံ တွင် ပညာသင်ကြားနေတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တွင် ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင်ခွင့် မရတဲ့အတွက်လည်း ဝမ်းနည်းနေတာပဲ ဖြစ်ပါတယ်။

သို့ပေမယ့်လည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာ မှတစ်ဆင့်အရေးကြီးတဲ့ သတင်းအချက်အလက် တွေကိုတော့ အချိန်နဲ့တစ်ပြေးညီ ဝေမျှပေးနေတာလည်းဖြစ်ပါတယ်။

ပြည်ပမှာနေထိုင်သူတွေလည်း မိသားစုဝင်တွေကို တွေ့ဖို့ မြန်မာနိုင်ငံကို ပြန်လာလို့ မရနိုင်သေးတဲ့အခြေအနေရောက်နေ ရပါတယ်နော်။ကျောင်းပြီးလို့ ပြန်လာရတော့မယ့် အချိန်မှာ စစ်ကောင်စီမှအာဏာသိမ်းသွားတာကြောင့် ပြန်လာလို့ မရနိုင်သေးပဲ ဖြစ်နေရပါ တယ်နော်။

နိုင်ငံရပ်ခြားမှာ ဇနီးမောင်နှံနှစ်ယောက်နေထိုင်ရင်းနဲ့ တစ်ယောက်နဲ့တစ်ယောက်အရမ်းကို ဂရုစိုက်ပြီးချစ်ခင်နေကြတာ ဖြစ်ပါတယ်နော်.ဒီနေ့လေးမှာလည်း ခေးလေးက သားလေးရဲ့ အင်္ဂလိပ်သီချင်းကို မာန်ပါပါနဲ့ သီဆိုနေတဲ့ ဗီဒီယိုလေးကို တင်ပေးလာတာ ဖြစ်ပါတယ်နော်…

သီချင်းဆိုတဲ့နေရာမှာ အရွယ်လေးနဲ့မလိုက်အောင် အရမ်းကိုကျွမ်းကျင်နေတဲ့ သားလေး Liam ရဲ့ဗီဒီယိုလေးကို ကြည့်ပြီးစာဖတ်ပရိသတ်ကြီးလည်ချစ်ပေးကြပါအုံးနော်…

Leave a Reply

Your email address will not be published. Required fields are marked *