တစ်ချိန်ကရုပ်ဆိုးလို့ဆိုပြီး အငြင်းခံလိုက်ရတာကို မကျေနပ်ပဲ Crushလေးရဲ့သမီးဖြစ်သူကို ရအောင်ပြန်ယူခဲ့သည့် အဖိုးအိုတစ်ဦး

အင်ဒိုနီးရှားနိုင်ငံမှ အသက်၆၀အရွယ်အဖိုးအိုတစ်ဦးသည် လွန်ခဲ့သော နှစ်ပေါင်း၃၀လောက်ကငွေကြေးချမ်းသာသော်လည်း သူကြိုက်နေသော မိန်းကလေးမှာ ရုပ်ဆိုးလို့ဆိုပြီး ပြန်မချစ်ခဲ့ပဲ အခြားသော အမျိုးသားတစ်ဦးကိုသာ ရွေးချယ်ပြီး လက်ထပ်ခဲ့သည်။

ထိုစဥ် အဖိုးအိုသည် သူတော်တော်လေးချစ်ခဲ့သည့်အတွက် စိတ်ပိုနာရကာ နောက်နှစ်၃၀ပြည့်သောအခါ အငြင်းခံလိုက်ရသော မိန်းကလေးရဲ့ အသက်၁၉နှစ်သာရှိသေးသော သမီးဖြစ်သူကို မရ ရအောင် ပိုးပန်းခဲ့ပြီး ချစ်သူတွေဖြစ်စေခဲ့သည်။

သမီးလေးမှာ တစ်ချိန်ကငြင်းဆန်ခဲ့သော ကိုယ့်အဖိုးအရွယ်လောက်ရှိတဲ့သူနဲ့ ရည်းစားဖြစ်နေတာကို သိရစဥ် မိဘနှစ်ပါးလုံးမှ သဘောမတူနိုင်၍ တားဆီးခဲ့သော်လည်း ထိုအဖိုးကြီးကိုမှမရရင် မိမိကိုယ်ကို အဆုံးစီရင်မည်ဟုဆိုခဲ့သောကြောင့် မတတ်နိုင်သည့်အဆုံး လက်ထပ်ရန်သဘောတူကာ ပေးစားခဲ့လိုက်ရသည်။




Leave a Reply

Your email address will not be published. Required fields are marked *