သူမကို ပြင်းထန်စွာ ဝေဖန် နေကြတဲ့အပေါ် ပြန်လည် ချေပ ပြောဆိုလာခဲ့တဲ့ မိတ်ကပ် မထက်

သူမကို ပြင်းထန်စွာ ဝေဖန် နေကြတဲ့အပေါ် ပြန်လည် ချေပ ပြောဆိုလာခဲ့တဲ့ မိတ်ကပ် မထက်

ပရိသတ်ကြီးရေ မိတ်ကပ်လောကမှာ နာမည်ကြီးလူကြိုက်များတဲ့ ဝါရင့်မိတ်ကပ်ဆရာ မထက် ကိုတော့လူတိုင်းသိလိမ့်မယ်ထင်ပါတယ်။သူမကတော့ မိတ်ကပ်လိမ်းခြယ်တဲ့နေရာမှာ နာမည် ကြီးကျော်ကြားသူတစ်ဦးဖြစ်ပြီး မိတ် ကပ်သင်တန်းကျောင်းလဲဖွင့်ပြီး သင် တန်းသားတွေကိုမိတ်ကပ်ပညာသင်ကြားပေးနေသူတစ်ယောက်လဲဖြစ်ပါတယ်။

ဒါအပြင်မထက် ဟာအခြားအနုပညာလှုပ်ရှားမှု့တွေလဲ ရှိခဲ့ပါသေးတယ်။ သူမရဲ့မိတ်ကပ်လောကမှသူငယ်ချင်းတွေနဲ့တွဲဖက်ပြီးနာမည်ကြီးဟာသရုပ်ရှင်ကားကြီးမှာနာမည်ကြီးမင်းသားမင်းသမီးတွေနဲ့ တွဲဖက်ပြီးပါဝင်သရုပ်ဆောင် ခဲ့ပါသေးတယ်။မကြာသေးခင်နာရီပိုင်းလောက်က မထက်ကသူမခံစားချက်တစ်ချို့ကို ရင် ဖွင့်လာပါတယ်။

“ငါတို့ကအလှူခံစားရမှာလားအလုပ်လုပ်မှ အကုန်နောက်ကလူတွေအဆင်ပြေမှာလေ အလုပ်အကြောင်းတင်မှအလုပ်လုပ်ရတာလေငါဘာမှမတင်ဘဲဘယ်သူမှငါ့ကိုလာအလုပ်မပေးဘူးနော်ငါတို့က သူများအလုပ်ဝင်လုပ်ရတာမှာဟုတ်ဘူး ငါတို့ကိုယ်တိုင်အလုပ်ရှာလုပ်ရတာ အ လုပ်ကိုယ့်ဆီလာဖို့ ဖိတ်ခေါ်နေရတာ ကိုယ်ရှာမှရတာကိုကျန်တဲ့သူတွေကိုဝေရမျှရတာ ဘယ်သူမှတင်မကျွေးထားဘူး နိုင်ငံရေးမေ့ထားပြီး ပျော်နေတဲ့သူထဲလည်းငါတို့မပါဘူး မြို့ပေါ်နေတာချင်းအတူတူ သူတို့ကဘဲနိုင်ငံကယ်တင်နေတယ်အချိုးမျိုးနဲ့ ငါတို့အလုပ်လုပ်တဲ့သူ

အလုပ်အကြောင်းတင်တဲ့သူကဘဲ နိုင်ငံ့သစ္စာဖောက်လို ပတ်ရမ်းနေပြီးပြောနေတယ် မိတ်ကပ်ဆရာက မိတ်ကပ်လိမ်းမှငွေဝင်တာလေပွဲရာသီ ဒီအချိန်ဘဲအလုပ်လုပ်ငွေစုပွဲရာသီကုန်ရင် အကုန်ရှိတာထိုင်စားရတာထုံးစံလေ အဲ့တာရှေးကတည်းကမင်္ဂလာဆောင်ကြလို့ လာအပ်လို့လိမ်းတာလေ အလုပ်လုပ်တာလေ အဲ့လို့အလုပ်လာအပ်အောင်လည်း ကိုယ်အလုပ်လုပ်ကြောင်းတင်ရတာလေ မိတ် ကပ်ဆရာမှာ မေဦးတောထဲရောက်သွားတယ်လေးစားတယ်ကိုယ်လည်းသူ့လိုသတ္တိမရှိဘူးမစွန့်စားရဲဘူးအဲ့တာအမှန်ဘဲကိုယ့်မြို့ကိုယ်ရွာမှာနေနေကြ အလုပ်လုပ်ကိုင်စားနေကြတဲ့ မိတ်ကပ်ဆရာတွေက နိုင်ငံ့သစ္စာဖောက်တွေဖြစ်သွားရောလား

မေဦးလိုတောထဲသွား မစွန့်လွှတ်ရဲတဲ့ မိတ်ကပ်ဆရာတွေကအလုပ်မလုပ်ဘဲ မေဦးကိုအားနာငဲ့ညာလေးစားသဖြင့် အိမ်မှာထိုင်နေရမှာလား ငါတို့ထမင်းရှာစားတဲ့အလုပ်ကိုစွန့်လွှတ်ပေးရမှာလားငါတို့က company ဝန်ထမ်းမှဟုတ်ဘူး တနှစ်ပတ်လုံးအလုပ်မလုပ်ရဘူး work for home လုပ်လို့မရဘူး တနှစ်မှာ ၄လ ၅လဘဲ ပွဲရာသီချိန် အလုပ်လုပ်ရတာအဲ့လတွေကုန်ရင် မိတ်ကပ်ဆရာတိုင်း

အလုပ်မရှိငုတ်တုတ်နေရတာ ရှာထားသမျှ ထိုင်သုံးရတာအားYarးပြီး လက်အားတိုင်းရေးမနေနဲ့ ကိုယ်ကိုတိုင် တောထဲရောက်နေပြီလား ဘာတွေမှာပါဝင်နေပြီလဲပြန်ကြည့်အုံး တောထဲကသူကကိုယ်တွေကိုလိုက်မတွက်ကပ်ဘူး(မေဦးလည်းသူအဆင်ပြေတဲ့နေရာမှာသူကျန်းမာစွာ အန္တာရယ်ကင်းစွာရှိနေသေးတာ သူနဲ့နီးစပ်ရာအသိုင်းအဝိုင်းကကြားသိထားပါတယ်)မြို့ပေါ်နေသူအချင်းချင်း

လိုက်ကပ်သပ်ပြောနေတာဘယ်လိုအ တွေးအခေါ်လည်း စဉ်စားမရဘူးအားနေ မေဦး သနားပါတယ် မေဦးကိုအားမနာဘူးလားပြောပြောနေကြတာ ငါတို့ကိုဘဲမမေးနဲ့ ကိုယ့်ကိုကိုယ်လည်းပြန်မေးကြအုံး ” လို့ မထက် က သူမက‌အခုလိုပဲရေးသားထားပါတယ်။

မိတ်ကပ် မထက် ရဲ့ရင်ဖွင့်ထားတဲ့စာသားအရှည်ကြီးကို ဘဝတူအနုပညာရှင်မောင်နှမတွေနဲ့ပရိသတ်အချို့က ကြိုက် နှစ်သက်သဘောကျနေကြပြီးတော့ ပြန်လည်မျှဝေထားသူမြောက်မြားစွာရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *