ရန်ကုန်မြို့က ရိုးရိုးခန်း နာရီဝက် ၁၅၀၀ နဲ့ ရှယ်ခန်းဆို ၃၀၀၀ တဲ့.. သွားကြအုံးမလား

သွားကြဦးမလား.. ရိုးရိုးခန်း 1500 ရှယ်ခန်း 3000 နဲ့ နာမည်ကြီးနေတဲ့ရန်ကုန်က ချွေးထုတ်ခန်း… တနေ့သောအခါ လူငယ် တစ်ယောက် မြို့ပေါ်သို့ရောက်ကာ လျှောက် လည်ပတ်နေသည်။

ထိုစဉ် “ချွေးထုတ်ခန်း” ဟုရေးသားထားသော ဆိုင်းဘုတ်ကြီး ကိုတွေ့မိ၍ မော့ကြည့်လိုက်သည်။ စပ်စုလိုသောကြောင့် ထိုချွေးထုတ်ခန်းထဲဝင်ရန် အရှေ့တွင်ထိုင်နေသော လူကြီးကို မေးလိုက်သည်။

“ဘယ်လောက်လဲဗျ။ ချွေးတခါ ထုတ်” ” ရိုးရိုးချွေးထုတ်ခန်းက 1500။ ရှယ် ခန်းက 3000 ပါ ညီလေး” “ဒါဆို ရိုးရိုးခန်းဝင်ကြည့်မယ်ဗျာ။ အချိန်က ဘယ်လောက်ရမလဲ ” “ရိုးရိုးခန်းက 15 မိနစ်။ ရှယ်ခန်းဆိုရင် မိနစ် 30”

“ဟုတ်ကဲ့ဗျ။ ရော့ 1500” လူကြီးက အခန်းတစ်ခန်းကို ဖွင့်ပေးပြီး ပြန်ပိတ်သွားသည်။ အခန်းသည် 12ပေ ခန့်ကျယ်ဝန်းပြီး ကုတင်တစ်လုံးက ကန့်လန့်ဖြတ်ချထားသည်။ အခန်းထဲတွင် အဝတ်အစား မလုံ့တလုံနှင့်ကောင်မလေး တစ်ယောက်က သူ့ကို ပြုံးပြပြီး… “လာ မိအောင်လိုက်ဖမ်း။

မိရင် ကြိုက်တာလုပ်။ ကုတင်ပေါ် ဖြတ်မပြေးရဘူး နော်။ ကဲ..စပြီ လိုက်တော့” စကားဆုံးသည်နှင့် ကောင်မလေး ရှေ့ကပြေး သူကနောက်ကလိုက်နှင့် ချက်ခြင်း ဖမ်းမမိနိုင်ဘဲ ချွေးတွေ ထွက်လာသည်။ ထိုစဉ်ဖြုန်းခနဲ တံခါးပွင့်သွားပြီး လူကြီး အခန်းထဲ ဝင်လာသည်။

“အချိန်စေ့သွားပြီ ညီလေး” သူနာရီကြည့်လိုက်တော့ ဟုတ်နေသည်။ အချိန်က..ဘာမျှမရှိလိုက်သလို။ မိလုမိခင်အနေအထားမှာ အချိန်ပြည့် သွားသည်ကိုး နောက်ထပ်သုံး လေး မိနစ်လောက်ဆိုရင် မိပြီ။ စိတ်တိုင်းကျ ဖြစ်ပြီလေ။ သူမကျေနပ်ဘူး။ ဒါနဲ့..နောက်

တစ်ခါဆို အဆင်သင့်ဖြစ်အောင် အကျီ င်္ကိုပါ ချွတ်ချလိုက်ပြီး “ရော့…ဦးလေး။ ဒီတခါ ရှယ်ခန်းဝင်မယ်။ ငွေ 3000” “လာ…ညီလေး လာ” ပြောပြောဆိုဆို အခန်းတခုကို ဖွင့်ပေးလိုက်သည်။ အခန်းထဲရောက်တော့ မီးမှိန်မှိန်လေး ထွန်းထားသည်။

မျက်စိကျင့်သားရသွားတဲ့အချိန် ရောက်တော့ နှုတ်ခမ်းမွေးစစနဲ့ ဗလတောင့်တောင့် လူကြီးတစ်ယောက်။ ခါးတောင်းကို မြောင်နေအောင် ကျိုက်ထားသည်။ သူ့ကိုပြုံးပြလိုက်ပြီး… “ကဲ …ညီလေးရေ။ လွတ်အောင်ပြေး မိရင်တော့ နာပြီသာမှတ် စပြီဟေ့။ မိနစ် ၃၀”

0ိာန်…0ိာန်… 🙂 🙂 0ိာန်…0ိာန်…

Leave a Reply

Your email address will not be published. Required fields are marked *