မသန်စွမ်းဖြစ်ပြီး မှာယူထားသော ခေါက်ဆွဲအား ကိုယ်တိုင်ယူစားဖို့ရာခက်ခဲနေသည့် ကောင်လေးအား ကူညီပေးနေသော စားပွဲထိုးအလုပ်သမားလေး

မလေးရှားနိုင်ငံမှ မြို့ထဲရှိ လမ်းဘေးတွင် ဖွင့်လှစ်ထားသော စားသောက်ဆိုင်တစ်ဆိုင်တွင် စားပွဲထိုးသမားလေးမှ မသန်စွမ်းဖြစ်နေသည့် ဖောက်သည်ကောင်လေးအား ကူညီပေးနေသည့် မြင်ကွင်းလေးသည် ချီးကျူးစရာကောင်းလှသည်။

မသန်စွမ်းဖြစ်နေသော ကောင်လေးတစ်ဦးသည် ဗိုက်ဆာလို့ဆိုပြီး ထိုဆိုင်တွင် ခေါက်ဆွဲသုက်တစ်ပွဲအား မှာစားခဲ့ရာ လာချပေးချိန်တွင် ကောင်လေးရဲ့ လက်တွေမှာမသန်၍ ဇွန်းနဲ့ကော်စားဖို့ရာ ခက်ခဲနေခဲ့သည်။

ထိုအဖြစ်ကို တွေ့ရှိသွားသော စားပွဲထိုးသမားလေးသည် မနေနိုင်ပဲ ဖောက်သည်ကောင်လေးဆီသို့ ရောက်လာကာ ခေါက်ဆွဲအား သူကိုယ်တိုင်ခွံ့ကျွေးနေခဲ့ပြီး စားသောက်ဆိုင်ပိုင်ရှင်ကပင် သူ့အားယခုလိုကူညီပေးရန် မခိုင်းခဲ့သော်လည်း လုပ်လက်စအလုပ်ကို ခဏပစ်ထားပြီး အခက်အခဲတွေ့နေသူကို ကူညီပေးခဲ့သည်။




Leave a Reply

Your email address will not be published. Required fields are marked *