” ကယ်ဆယ်ရေး သီးသန့်သုံး Rescue Boat များကို ကျိုက်မရောမြို့ မှ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့သို့လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ”

” ကယ်ဆယ်ရေး သီးသန့်သုံး Rescue Boat များကို ကျိုက်မရောမြို့ မှ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့သို့လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ”

ပရိသတ်ကြီးရေ ပရဟိတမင်းသမီးတစ်လက်လို့ပရိသတ်တွေ သတ်မှတ်ထားတဲ့အတိုင်း ဦးစီးတည်ထောင်ကာ မိဘမဲ့ကလေးတွေကို သူမရဲ့ရင်သွေးလေးတွေသဖွယ် ကူညီစောင့်ရှောက်နေတဲ့ ချီးကျူးလေးစားဖွယ်မင်းသမီးတစ်လက်ပါ။

ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် စွန့်ပစ်ခံရတဲ့ ကလေးတွေအတွက် အတတ်နိုင်ဆုံးကာကွယ် ခေါ်ယူစောင့်ရှောက်လျက်ရှိနေတဲ့သူလို့လည်းဆိုရမှာပါ။

လက်ရှိမှာတော့”ကျိုက်မရောမြို့ မှ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့သို့ ကယ်ဆယ်ရေးနှင့် ရိက္ခာပေးဝေရေး များ၊ အရေးပေါ် နေရာများတွင် အသုံးပြုရန် အတွက် ကယ်ဆယ်ရေး သီးသန့်သုံး Rescue Boat (တန်ဘိုးငွေ တစ်စီးလျှင် ကျပ် သိန်း ၅၀) ကို ရေကြီးသော နေရာများသို့ ကယ်ဆယ်ရေးများ ဆောင်ရွက်ရန် အတွက် ခုနှစ်ရက် သားသမီးများ အလှု အဖြစ် လှူဒါန်းပေးခဲ့ပါတယ်ရှင်”ဆိုတဲ့စာလေးနဲ့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြခဲ့တာပါ။

အမြဲလိုလိုပရဟိတအလုပ်တွေဆက် တိုက်လုပ်ကာ အလှူအတန်းရက်ရောလွန်းတဲ့ ခိုင်နှင်းဝေကတော့ တကယ်လိုအပ်တဲ့နေရာတွေကိုလှူဒါန်းနေသူပါ။ ပရိသတ်ကြီးလည်း ကြည်နူးပီတိဖြစ်စရာခိုင်နှင်းဝေရဲ့အလှူအတွက်သာဓုခေါ်ပေးခဲ့ပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *