၂၀ ကီလိုဂရမ်ရှိတဲ့ ရွှေလက်ဝတ်ရတနာများဝတ်ဆင်ထားပြီး ငွေသား ယွမ် ၈၈၀,၀၀၀ ဖြင့် ကုတင်ပေါ်မှာ လှဲလျောင်းနေခဲ့တဲ့ သတို့သမီး

အိမ်ထောင်ရေးမှာ သာယာလှပနေစေရန်အတွက် မိဘများစွာက ၎င်းတို့ရဲ့သမီးများအတွက် ရွှေထည်ပစ္စည်းများကို ပြင်ဆင်ပေးတက်ကြပါတယ် ။

မကြာသေးမီက ပြည်မကြီးမှာ တောက်ပတဲ့ မင်္ဂလာပွဲဓာတ်ပုံတစ်ပုံ ပျံ့နှံ့ခဲ့ပါတယ် ။ ရွှေများစွာနဲ့ချယ်လှယ်ထားတဲ့ သတို့သမီးလေးတစ်ယောက်က လည်ပင်းမှာ ရွှေလက်ကောက်နဲ့ လက်ပေါ်မှာ ရွှေလက်စွပ်ကြီးကို ဝတ်ဆင်ထားတာကို တွေ့လိုက်ရပါတယ် ။

ပိုလို့တောင် မျက်စိဖွင့်စရာက ငွေသားအမြောက်အမြားတင်ထားတဲ့ ကုတင်ပေါ်မှာ သတို့သမီးလေးက မင်္ဂလာရှိတဲ့အကြည့်ဖြင့် လှဲလျောင်းနေသဖြင့် အင်တာနက်အသုံးပြုသူများ အံ့အားသင့်သွားခဲ့ပါတယ် ။

အဆိုပါ မင်္ဂလာဆောင်တဲ့နေ့မှာ မိဘများက ၎င်းတို့ရဲ့သမီးအတွက် ခန်းဝင်ပစ္စည်းပြင်ဆင်ရန် စရိတ်စကကို နှမြောခြင်းမရှိပဲ ငွေသား ယွမ် ၈၈၀,၀၀၀ (ဟောင်ကောင်ဒေါ်လာ ၁.၀၇ သန်းခန့်) နဲ့ ခန်းဝင်ပစ္စည်းအဖြစ် ရွှေ ၂၀ ကီလိုဂရမ်ပါဝင်ပါတယ် ။

ဓါတ်ပုံထွက်လာတာနဲ့အမျှ အင်တာနက်သုံးစွဲသူတွေအကြား ရင်ခုန်သံတွေနဲ့ မှတ်ချက်တွေ ထွက်ပေါ်လာခဲ့ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *