ဘီရိုလေးမှာဈေးအရမ်းတန်နေလို့ဆိုပြီး ကြော်ငြာစာကို သေချာမဖတ်ပဲ လိုင်းပေါ်ကနေ မှာယူခဲ့သော မိခင်ရဲ့ အဖြစ်

ဘီရိုလေးမှာစျေးအရမ်းတန်နေလို့ဆိုပြီး ကြော်ငြာစာကို သေချာမဖတ်ပဲ လိုင်းပေါ်ကနေ မှာယူခဲ့သော မိခင်ရဲ့ အဖြစ်

ရောဂါကာလတွင်း အွန်လိုင်းစျေးဝယ်ခြင်းသည် အဆင်ပြေသော်လည်း တစ်ခါတစ်လေကျ ပစ္စည်းမှာ အထဲနဲ့အပြင်နဲ့ ကိုက်ညီမှုမရှိတာမျိုးလည်း ကြုံရတတ်သည်။

သို့ဖြစ်၍ ဖိလစ်ပိုင်နိုင်ငံမှ မိခင်တစ်ဦးသည် အပျင်းပြေ ဖုန်းလေးကြည့်နေခဲ့ရာ လိုင်းပေါ်ကနေ ချစ်စဖွယ် ဘီရိုလှလှလေးတွေကို တွေ့ရှိခဲ့ရာ စျေးနှုန်းကို အရင်ဆုံးဖတ်လိုက်စဥ် ပီဆို၇၀၀ထဲပဲပေးရ၍ စျေးအရမ်းတန်နေပြီဆိုပြီးတော့ သားသမီးတွေနှင့်ပင် မတိုင်ပင်တော့ပဲ မှာယူခဲ့သည်။

မိခင်ဖြစ်သူသည် လိုင်းပေါ်ကနေ တစ်ခါမှ စျေးမဝယ်ဖူးတာကြောင့် ပစ္စည်းရောက်လာမည့်ချိန်ကို ရင်ခုန်စွာနဲ့ စောင့်မျှော်နေခဲ့ရာ တကယ်တမ်း အပြင်မှာ ဘီရိုလေးဟာပေါက်စလေးဖြစ်နေတာကြောင့် အံ့အားသင့်ခဲ့ရသည်။

ထိုအချိန်မှပဲ မိခင်ဖြစ်သူသည် ကြော်ငြာထားသည့်စာကို သေချာပြန်ဖတ်ကြည့်လိုက်မှပဲ စျေးပေါနေရခြင်းအကြောင်းကို နားလည်သွားကာ သားသမီးများမှ မိခင်ဖြစ်သူရဲ့အဖြစ်အား ရယ်မောခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *