၅နှစ်ကြာအောင် တစ်ဖက်သတ်ချစ်ပြီး အကြိမ်ကြိမ်ငြင်းဆိုခဲ့ရပေမဲ့ ကောင်လေးက ဆက်လက်ကြိုးစားနေတာကြောင့် ထပ်မနှောက်ယှက်ဖို့ တောင်ပန်းခဲ့ရတဲ့ မိန်းကလေး

ဟုတ်ပါတယ် အချစ်ဆိုတာက မည်သူနဲ့မဆို မကိုက်ညီတဲ့ အရာဖြစ်ပါတယ် ။ ကိုယ့်ကို မချစ်တဲ့လူကိုမှ တစ်ဖက်သတ်ချစ်လွန်းရင် နောက်ဆုံးမှာ ဒဏ်ရာပြင်းပြင်းထန်ထန် ခံစားရတက်ပါတယ် ။

မကြာသေးမီက တရုတ်နိုင်ငံ၊ Anhui ပြည်နယ်မှာ နေထိုင်တဲ့ လူငယ်တစ်ဦးက လူအများဟာ သူ့ကို အချစ်ရှုးလို့ ခေါ်ရတဲ့ အကြောင်းရင်းက လွန်ခဲ့တဲ့ ၅ နှစ်လောက်က သူဟာ မိန်းမတစ်ယောက်ကို အရမ်းချစ်နေခဲ့တာဖြစ်ပြီး သူက သူမထံမှ အချစ်ကို ပြန်မရခဲ့သော်လည်း သူမအပေါ် ချစ်ကြောင်း ဝန်ခံပြီး သူမပြန်ချစ်မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဆက်လက်ကြိုးစားခဲ့ပါတယ် ။

ကောင်မလေးက သူ့အချစ်ကို အမြဲငြင်းနေပေမယ့်လည်း ပြီးခဲ့တဲ့ရက်အနည်းငယ်အထိ သူမကို ချစ်ကြောင်း ဝန်ခံနေဆဲပါ ။ ကောင်မလေးက ခံနိုင်ရည် ပျောက်ဆုံးသွားပြီး ကောင်လေးရဲ့ အချစ်ကို လက်မခံနိုင်ဘူးလို့ အကြိမ်ကြိမ်ပြောပြီး ရည်းစားစကားထပ်မပြောဖို့ ဒူးတောက်ကာ တောင်းပန်ခဲ့ပါတယ် ။ အဆိုပါအဖြစ်အပျက်ကို အင်တာနက်အသုံးပြုသူတစ်ဦးမှ ရိုက်ကူးထားခြင်းဖြစ်ပါတယ် ။

အဆိုပါ ဖြစ်ရပ်ကြောင့် ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပြီး netizen များက ဒီကောင်လေးကို မိန်းကလေးက ၅ နှစ်လောက် ငြင်းပယ်ခဲ့တာ၊ ဘာကြောင့် လက်မလျော့သေးတာလဲ အစရှိတဲ့ မေးခွန်းပေါင်းများစွာ မေးလာခဲ့ပါတယ် ။

သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းက ဆိုးဆိုးရွားရွား ပြီးဆုံးသွားတာပေမယ့် ဘယ်သူက အပြစ်ရှိလဲလို့ မေးရင် ရှင်းရှင်းလင်းလင်း ထုတ်ပြောလို့ မရသေးပါဘူး ။

Leave a Reply

Your email address will not be published. Required fields are marked *