ကိုယ်ဝန်ရှိနေတာကိုမသိပဲ ခရီးထွက်ခဲ့ရာ လေယာဥ်ပေါ်မှာတင် အောင်မြင်စွာ မွေးဖွားခဲ့သော မိခင်တစ်ဦး

အမေရိကန်နိုင်ငံ Salt Lake City တွင်နေထိုင်သော ဇနီးမောင်နှံနှစ်ဦးသည် ဟာဝိုင်အီဖက်သို့ ၃နာရီကြာ လေယာဥ်နဲ့ ခရီးထွက်ခဲ့ရာ မထင်မှတ်ထားပဲ လေယာဥ်ပေါ်မှာ ကလေးမွေးဖွားခဲ့သည့်အတွက် အလွန်အမင်း အံ့အားသင့်ခဲ့ရသည်။

ဇနီးဖြစ်သူသည် ဗိုက်ထဲတွင် ကိုယ်ဝန်လွယ်ထားရတာကို မသိရှိပဲ လေယာဥ်စီးခဲ့ရာ ကိုယ်ဝန် ၆လကျော်သာရှိသေးပြီး လမစေ့သေးပဲနှင့် မွေးဖွားခဲ့ပေမယ့် ကျန်းမာရေးအတွက် စိုးရိမ်စရာမရှိခဲ့ပေ။

ဇနီးဖြစ်သူသည် လေယာဥ်ပျံသန်းနေစဥ်အတွင်း ဗိုက်အရမ်းနာလာကာ ကံကောင်းစွာပဲ ဆရာဝန်တစ်ဦးနှင့် သူနာပြုနှစ်ဦးမှာ ထိုလေယာဥ်တွင်း၌ စီးနင်းလိုက်ပါလာခဲ့ရာ ကလေးကိုမွေးဖွားပေးခဲ့စဥ် ချက်ကြိုးအားဖြတ်ရန် ဘိုးဖိနပ်ကြိုးကို အသုံးပြုခဲ့ကာ အနွေးဓာတ်ပေးရန်အတွက် မိုက်ခရိုဝေ့ဖ်ပုလင်းကို သုံးခဲ့ရင်း နှလုံးခုန်နှုန်းတိုင်းတာရန်အတွက်လည်း နာရီကိုအသုံးပြုခဲ့ကြသည်။

ထိုအဖြစ်အပျက်လေးကြောင့် လေယာဥ်ပေါ်ရှိ ခရီးသည်များအားလုံးလည်း ရုန်းရင်းဆန်ခတ်ဖြစ်ကုန်ကြကာ ကလေးကိုအောင်မြင်စွာ မွေးဖွားနိုင်ခဲ့သည့်အတွက် ဂုဏ်ပြုခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *