ဒီကနေ့မှာ အသက်တစ်နှစ်ကြီးသွားပြန်ပြီဖြစ်တဲ့ တောင်ကိုးရီးယားမင်းသမီးချော Song Hye Kyo

ပရိတ်သတ်တွေအရမ်းကိုချစ်ခင်အားပေးကြရတဲ့မင်းသမီးချော Song Hye Kyoဟာဆိုရင်ယနေ့မှာတော့(အပြည့်အစုံဖတ်ရန်ပုံကိုနှိပ်ပါ)

ဆောင်းဦးရွက်ကြွေချစ်သက်သေလို့နာမည်ကျော်ကြားခဲ့တဲ့ ဇာတ်လမ်းတွဲထဲမှာအွန်ဆောအဖြစ်ထူးချွန်ပြောင်မြောက်စွာ သရုပ်ဆောင်ခဲ့ရင်းပရိတ်သတ်တွေရင်ထဲကိုစတင်နေရာယူခဲ့သူ အနုပညာရှင်တစ်ဦးကတော့မင်းသမီးချောSong Hye Kyoပဲဖြစ်ပါတယ်။

သူမဟာAutumn in my Heart , Full House , Sweet Bride ,Hotelier , Guardian Angel , Sunlight Pours Downအစရှိတဲ့ဇာတ်လမ်းတွဲတွေနဲ့စတင်ရေပန်းစားအောင်မြင်ကျော်ကြားလာခဲ့ပြီးပရိတ်သတ်တွေရဲ့ချစ်ခင်မှုကိုအပြည့်အဝရရှိခဲ့သူလေးပဲဖြစ်ပါတယ်။

လက်ရှိမှာသူမပါဝင်သရုပ်ဆောင်ထားတဲ့Now we are breaking upအမည်ရဇာတ်လမ်းတွဲဟာလည်းပရိတ်သတ်တွေရဲ့စိတ်ဝင်စားမှုနဲ့တစ်ခဲနက်အားပေးခြင်းကိုရရှိထားတဲ့ရုပ်သံဇာတ်လမ်းတွဲဖြစ်ပြီးထိုဇာတ်လမ်းတွဲဟာလက်ရှိမှာတောင်ကိုးရီးယားနိုင်ငံရဲ့ ယကြည့်ရှုသူအများဆုံးစာရင်းဝင်ရုပ်ရှင်အဖြစ်စံချိန်တင်ထားတာဖြစ်ပါတယ်။

အရမ်းကိုလှပလွန်းတဲ့မင်းသမီးချောSong Hye Kyoကို (၂၂.၁၁.၁၉၈၁)မှာမွေးဖွားခဲ့တာဖြစ်ပြီးသူမဟာဒီနေ့မှာတော့ အသက်(၄၀)ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။

ထိပ်စီးပြောင်းသွားခဲ့ပေမယ့် အလှတရားတွေဟာငယ်စဉ်ကအတိုင်းပြောင်းလဲသွားခြင်းမရှိတဲ့မင်းသမီးSong Hye Kyoတစ်ယောက်နောက်ထပ်အနုပညာကောင်းတွေကိုဖန်တီးနိုင်ပါစေလို့ဆုတောင်းလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *