ကောင်လေးတစ်ယောက်တည်းကို အမွှာညီအမနှစ်ဦးလုံးက ချစ်နေခဲ့ကြလို့ နှစ်ဦးသဘောတူစွာဖြင့် ကောင်လေးကို အတူတူလက်ထပ်ယူခဲ့ကြ

မိမိတို့၏အရှေ့တောင်အာရှဒေသများတွင် မင်္ဂလာပွဲအမ်းအနားနှင့်ပတ်သတ်ပြီး တစ်ခါတစ်လေတွင် ထူးထူးဆန်းဆန်းဖြစ်ရပ်များ ကြားသိလာခဲ့ရပါတယ်။

ယခုတွင်လည်း ထိုင်းနိုင်ငံ Samut Songkhramတွင် ကျင်းပခဲ့သော အမွှာညီမနှစ်ဦး၏ မင်္ဂလာပွဲလေးဟာ ဒေသတွင်းနိုင်ငံများ၌ လူပြောများနေခဲ့ရပါတယ်။

အသက်၂၅နှစ်အရွယ်ရှိပြီဖြစ်သည့် Taoနှင့် fiatဆိုသည့် အမွှာညီအမနှစ်ဦးဟာ ကောင်လေးတစ်ယောက်တည်းကို ချစ်မိခဲ့ကြတာဖြစ်ပါတယ်။

ထို့နောက် ညီအမနှစ်ဦးလုံးဟာ အမျိုးသားနှင့် ချစ်သူသက်တမ်းသုံးနှစ်ကြာအောင်တွဲခဲ့ပြီးနောက်တွင် လက်ထပ်ယူဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

လက်ထပ်ချိန်တွင်လည်း တစ်ဦးကိုလက်ထပ်ခဲ့လျှင် တစ်ဦးက ခံစားနေရမည်စိုးရိမ်သောကြောင့် အမွှာညီအမနှစ်ဦးဟာ အတူတူလက်ထပ်ပြီး နေထိုင်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *