သွေးသားရင်းမဟုတ်ပဲ တစ်ရွာလုံးရုပ်ချင်းဆင်နေပြီး အမွှာကျေးရွာပုံစံဖြစ်နေသည့် ထူးဆန်းသော ရွာငယ်လေး

အိန္ဒိယနိုင်ငံမြောက်ပိုင်း Karnatakaပြည်နယ် Harragonaအမည်ရှိသော ရွာငယ်လေးတွင် နေထိုင်သည့် ရွာသူရွာသားအားလုံးသည် ထူးဆန်းစွာဖြင့် တူညီသော ရုပ်ရည်သွင်ပြင်တွေရှိကြရာ တစ်ယောက်နှင့်တစ်ယောက် ခွဲခြားရခက်လွန်းနေခဲ့သည်။

ရွာထဲတွင် နေထိုင်သော လူအယောက်ပေါင်း ၂၀၀သည် သွေးသားတော်စပ်ခြင်းမရှိပဲ မိဘတစ်ဦးတိုင်းစီမှ မွေးလာခဲ့သော သားသမီးများသည် မျက်နှာ၊ မျက်ခုံး၊နှာခေါင်း၊နှုတ်ခမ်း စသဖြင့် အကုန်တူညီမှုရှိကာ အသက်အရွယ် ခန္ဓာကိုယ်အရွယ်အစားနှင့် အရပ်အနှိမ့်အမြင့်သာ ကွဲပြားကြောင်း သိရသည်။

ထိုအဖြစ်သည် သုတေသနပညာရှင်များကို အထူးစိတ်ဝင်စားဖွယ်ရာ အာရုံစိုက်မှုဖြစ်စေခဲ့ပြီး ဇီဝဓာတုဗေဒပညာရှင်တစ်ဦးမှ ထိုရွာလေးရှိ မြေဆီလွှာနှင့် ရေတို့ကို စမ်းသပ်စစ်ဆေးကြည့်ရာတွင် ပလက်တီနမ်နှင့် ဘစ်စမတ်ဒြပ်စင်များစွာပါဝင်နေခြင်းကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနှင့် ဆဲလ်များကို ပြောင်းလဲစေကာ သန္ဓေသားကို ထိခိုက်စေပြီး တစ်ရွာလုံး အမွှာတွေလို ရုပ်ချင်းဆင်နေတာဖြစ်ကြောင်း ဆိုခဲ့သည်။

အိႏၵိယႏိုင္ငံေျမာက္ပိုင္း Karnatakaျပည္နယ္ Harragonaအမည္ရွိေသာ ႐ြာငယ္ေလးတြင္ ေနထိုင္သည့္ ႐ြာသူ႐ြာသားအားလုံးသည္ ထူးဆန္းစြာျဖင့္ တူညီေသာ ႐ုပ္ရည္သြင္ျပင္ေတြရွိၾကရာ တစ္ေယာက္ႏွင့္တစ္ေယာက္ ခြဲျခားရခက္လြန္းေနခဲ့သည္။

႐ြာထဲတြင္ ေနထိုင္ေသာ လူအေယာက္ေပါင္း ၂၀၀သည္ ေသြးသားေတာ္စပ္ျခင္းမရွိပဲ မိဘတစ္ဦးတိုင္းစီမွ ေမြးလာခဲ့ေသာ သားသမီးမ်ားသည္ မ်က္ႏွာ၊ မ်က္ခုံး၊ႏွာေခါင္း၊ႏႈတ္ခမ္း စသျဖင့္ အကုန္တူညီမႈရွိကာ အသက္အ႐ြယ္ ခႏၶာကိုယ္အ႐ြယ္အစားႏွင့္ အရပ္အႏွိမ့္အျမင့္သာ ကြဲျပားေၾကာင္း သိရသည္။

ထိုအျဖစ္သည္ သုေတသနပညာရွင္မ်ားကို အထူးစိတ္ဝင္စားဖြယ္ရာ အာ႐ုံစိုက္မႈျဖစ္ေစခဲ့ၿပီး ဇီဝဓာတုေဗဒပညာရွင္တစ္ဦးမွ ထို႐ြာေလးရွိ ေျမဆီလႊာႏွင့္ ေရတို႔ကို စမ္းသပ္စစ္ေဆးၾကည့္ရာတြင္ ပလက္တီနမ္ႏွင့္ ဘစ္စမတ္ျဒပ္စင္မ်ားစြာပါဝင္ေနျခင္းေၾကာင့္ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးမ်ားအေနႏွင့္ ဆဲလ္မ်ားကို ေျပာင္းလဲေစကာ သေႏၶသားကို ထိခိုက္ေစၿပီး တစ္႐ြာလုံး အမႊာေတြလို ႐ုပ္ခ်င္းဆင္ေနတာျဖစ္ေၾကာင္း ဆိုခဲ့သည္။

Leave a Reply

Your email address will not be published. Required fields are marked *