ကိုယ်တိုင် အဖမ်းခံရချိန်မှာတောင် အဆိုတော် Orchid အတွက် သတင်းကျွတ်မုန့်ဖိုးပေးဖို့ မန်နေဂျာကို မှာခဲ့တယ်ဆိုတဲ့ ပိုပို

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် ပိုပိုကတော့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရပြီး လက်ရှိအချိန်ထိ လွတ်မြောက်ခြင်းမရှိသေးပါဘူး။

ပိုပိုကတော့ သူကိုယ်တိုင် ဖမ်းဆီထိန်းသိမ်းခံထားရချိန်မှာတောင် အပြင်မှာ ကျန်ခဲ့တဲ့ ညီမဖြစ်သူလို ချစ်ခင်ရတဲ့ အဆိုတော် Orchidကို သီတင်းကျွတ် မုန့်ဖိုးပေးပေးဖို့ သူ့ရဲ့မန်နေဂျာ ကနေတစ်ဆင့် လှမ်းမှာခဲ့တယ်လို့ ကြားသိခဲ့ရပါတယ်။

အဆိုတော် Orchid က သူကအတွက် မုန့်ဖိုးပေးပေးဖို့ သတိတရနဲ့ ပိုပိုကသူ့ရဲ့ မန်နေဂျာကို မှာကြားခဲ့တဲ့အကြောင်းကို သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ ဖော်ပြထားခဲ့တာပါ။

”ဟိုနေ့က ဖုန်းတစ်ခုဆက်လာတယ်။ အမကို သီတင်းကျွတ်မုန့်ဖိုး မပိုက ပေးခိုင်းထားလို့ပါတဲ့။ (မပိုရဲ့ မန်နေဂျာက ဖုန်းဆက်လာတယ်) ကိုယ့်မှာ မျက်ရည်တွေကျတာ ထိန်းမရပါကွယ်။

အထဲရောက်နေတာတောင် သူညီမလေး အဆင်မပြေ သုံးစရာမရှိမှာ စိုးလို့တဲ့လေ။ ဪ….သွေးမတော် သားမစပ် ကျွန်မတို့အပေါ် စိတ်ထဲ အမြဲရှိပေးတဲ့ အမကို အဝေးကနေ ကန်တော့လိုက် ပါတယ်။

နှစ်တိုင်းကန်တော့နေကြ ဒီနှစ်မသွားရပါလားလို့ တွေးနေတုန်းလေးရှိသေး ဖုန်းက ဆက်လာတာအံ့ဩသွားတယ်။

စိတ်ကောင်းရှိတဲ့ ငါ့အမတစ်ယောက် အမြန်ဆုံးလွှတ်မြောက်ဖို့ နေ့စဉ်ဆုတောင်းပေးနေပါတယ်”ဆိုပြီး အဆိုတော် Orchid က အခုလိုပဲ ဝမ်းနည်းစွာနဲ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ရင်ဖွင့်လာခဲ့ထားခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *