စျေးထဲကနေ ပင်လယ်ခရုလေးကို ဝယ်ယူလာပြီး ဟင်းချက်စားခဲ့ရာမှ ရှားပါးသည့် လိမ္မော်ရောင် ပုလဲလုံးလေးကို တွေ့ရှိခဲ့၍ ကံကောင်းသွားခဲ့သော မိသားစု

ထိုင်းနိုင်ငံ Satunပြည်နယ်တွင် နေထိုင်သော ဆင်းရဲသည့် မိသားတစ်စုအိမ်မှ သမီးဖြစ်သူသည် ညစာဟင်းမရှိ၍ အနီးနားရှိ စျေးထဲသို့သွားကာ ဘတ်၇၀နဲ့ ပင်လယ်ခရုတစ်ကောင်ကို ဝယ်ယူပြန်ခဲ့ပြီး ချက်ပြုတ်ခဲ့သည်။

ထိုသို့ ချက်ပြုတ်နေရင်း ခရုထဲကနေ ထူးဆန်းသောအရာလေးတစ်ခု ထွက်ကျလာခဲ့ရာ ကျောက်စရစ်ခဲလေးထင်ပြီး လွှင့်ပစ်ဖို့လုပ်ခဲ့ရာ သေချာကြည့်လိုက်မှ ရှားပါးပြီးတန်ဖိုးကြီးသည့် Meloပုလဲလုံးလေးသာ ဖြစ်နေ၍ ဝမ်းသာမဆုံးဖြစ်ခဲ့ရသည်။

သူတို့မိသားစုသည် ဆင်းရဲသည့်ကြားက မိခင်ဖြစ်သူမှာ ကင်ဆာရောဂါဖြစ်နေတာကြောင့် ဆေးကုသစရိတ်မတတ်နိုင်ပဲရှိနေရာ ကံကောင်းစွာဖြင့် လိမ္မော်ရောင်ပုလဲလုံးလေးကို ရောင်းချလို့ရသည့် ငွေလေးနှင့် ဆေးကုသပေးနိုင်ခဲ့ပြီဖြစ်သည်။

ထိုင်းနိုင်ငံ Satunပြည်နယ်တွင် နေထိုင်သော ဆင်းရဲသည့် မိသားတစ်စုအိမ်မှ သမီးဖြစ်သူသည် ညစာဟင်းမရှိ၍ အနီးနားရှိ ဈေးထဲသို့သွားကာ ဘတ်၇၀နဲ့ ပင်လယ်ခရုတစ်ကောင်ကို ဝယ်ယူပြန်ခဲ့ပြီး ချက်ပြုတ်ခဲ့သည်။



Leave a Reply

Your email address will not be published. Required fields are marked *