ပရဟိတလူမှုရေးအသင်းတွေမှာ လိုင်စင်မဲ့ကားများ အသုံးပြုခွင့် ပိတ်ပင်လိုက်တာကြောင့် လူမှုရေး အသင်းတချို့ ရပ်နားမည်

ရန်ကုန်တိုင်းထဲက လူမှုကူညီရေးအသင်းတွေကို လိုင်စင်မဲ့ကားသုံးစွဲခွင့် မပြုတော့တာကြောင့် လူမှုရေးအသင်းအချို့ ပရဟိတကူညီရေးလုပ်ငန်းတွေကို ရပ်နားလိုက်ဖို့ဆုံးဖြတ်ထားကြတယ်လို့ သိရပါတယ်။

လှုမှုရေးအသင်းအများစုမှာ လိုင်စင်မဲ့ကားတွေသာရှိတာကြောင့် အခုလို လိုင်စင်မဲ့ကားသုံးစွဲခွင့်မပြုတာဟာ လူထူကိုအမှန်တကယ်ကူညီနေတဲ့ အသင်းအဖွဲ့တွေအတွက် ဒုက္ခရောက်သလို၊ ပြည်သူလူထုအတွက်လည်း ထိခိုက်မှုတွေရှိတယ်လို့ သိရပါတယ်။” သိပြီးပြီ၊လှိုင်သာယာမှာရောထန်းတပင်မှာရော လိုင်စင်နဲ့ကား တစီးမှမရှိပါဘူး။

လိုင်စင်နဲ့ဆိုရင် သိန်း ၂၀၀ ဝန်းကျင်ရှိပါတယ် အဲ့ဒါကိုဘယ်သူမှ မတည်ပြီးလှူဒါန်းတဲ့အလှူရှင်လည်းမရှိပါဘူး။ အသင်းတွေကို ရပ်နားဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။

အသင်းတွေအနေနဲ့ နိုင်ငံရေးကင်းရှင်းကြောင်း ဆိုတာကိုလည်းတရားဝင်လက်မှတ်ရေးထိုးပြီးပြီ တင်ပြထားပြီးသား ၊ပြည်သူလူထုကိုအခြေပြုပြီးတော့ လူမှုရေးကိုသပ်သပ်လုပ်နေတဲ့အကြောင်းကိုလည်း အဆင့်ဆင့်စာပို့ထားတယ်။

ဒါကိုမှ ပရဟိတတွေကိုလုပ်တယ်ဆိုတော့ မတတ်နိုင်တော့ဘူးပေါ့။ “လို့လှိုင်သာယာမြို့နယ်က လူမှုရေးအသင်းတခုမှ တာဝန်ရှိသူကပြောပါတယ်။

ရန်ကုန်တိုင်းစီမံအုပ်ချုပ်ရေးကောင်စီကတော့ ခရိုင်မြို့နယ်အလိုက် စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီး မှတ်ပုံတင်ထားခြင်းမရှိတဲ့အဖွဲ့အစည်းတွေဟာဥပဒေနဲ့အညီမှတ်ပုံတင်ဖို့၊ မှတ်ပုံတင်လိုခြင်းမရှိပါက ဖျက်သိ မ်းဖို့ အပါအဝင် လိုင်စင်မရှိယာဉ်ကိုလည်း သုံးစွဲခွင့်မပြုဖို့ စာထုတ်ပြီးအကြောင်းကြားထားတာဖြစ်တယ်လို့ သိရပါတယ်။”တော်တော်များများက လိုင်စင်မဲ့ကားတွေက များပါတယ်။တချို့အသင်းတွေမှာတော့လည်း လိုင်စင်ရှိကားတွေရှိပါတယ်။

မြို့နယ်ချပေးထားတဲ့ကားတွေလည်းရှိတယ်။ကျနော်တို့ဆိုလည်း မြို့နယ်ကပေးထားတဲ့ ကားရှိတယ်။သူကလိုင်စင်ရှိတယ်။ဒီတော့ အဲ့ကားနဲ့ပဲဆက်လုပ်ရမှာပေါ့။” လို့ လှည်းကူးမြို့နယ်က လူမှုကူညီရေးအသင်းတခုရဲ့တာဝန်ရှိသူကပြောပါတယ်။

လိုင်စင်မဲ့ကား သုံးစွဲခွင့်မပြုတော့ကြောင်းနဲ့မှတ်ပုံမတင်ရသေးတဲ့အသင်းတွေအားလုံး မှတ်ပုံတင်ဖို့၊ မှတ်ပုံမတင်ပါက အသင်းဖျက်သိမ်းဖို့ကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးရုံးတွေ၊ လူမှုကူညီရေးအသင်းတွေဆီ အသိပေးသလို၊သိရှိကြောင်းလည်း လက်မှတ်ရေးထိုးခဲ့ရတယ်လို့ သိရပါတယ်။

လိုင်စင်ရှိ ကားတွေရှိတဲ့ လူမှုရေးအသင်းတွေကတော့ဆက်လုပ်ဖို့ စီစဉ်ထားပြီး လိုင်စင်မဲ့ကားတွေသာရှိပြီး အသင်းမှတ်ပုံတင်ထားခြင်း မရှိသေးတဲ့ အသင်းတွေကတော့ လုပ်ငန်းတွေရပ်ဆိုင်းမယ်လို့ ပြောဆိုကြပါတယ်။

လူမှုရေးအသင်းအဖွဲတွေဟာ ပြည်သူလူထုရဲ့ အရေးပေါ်ကျန်းမာရေးကိစ္စတွေအတွက် မရှိမဖြစ်လိုအပ်တဲ့အသင်းတွေလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *