ခင်ပွန်းဖြစ်သူ အောင်လ ဆေးကုသမှုခံယူနေရတာကို ပြုစုပေးနေရတာကြောင့် တော်တော်လေး ပိန်သွားတဲ့ သူမရဲ့ပုံလေးကို ထုတ်ပြလာတဲ့ ဝိုင်းစုခိုင်သိန်း

ပရိသတ်ကြီးရေ အဆိုတော် အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့ကတော့ သူတို့ရဲ့ အိမ်ထောင်ရေးဇာတ်လမ် းတွေကိုအပြီးသတ်ပြီးတဲ့နောက် နှစ်ယောက်တစ်ဘဝတည်ဆောက်နေကြတာ ဖြစ်ပါတယ်နော်။

နှစ်ယောက်လုံးကလည်းငယ်ချစ်တွေ ဖြစ်တာကြောင့် တစ်ယောက်နဲ့ တစ်ယောက် မျက်စိအောက်က မပျောက်နိုင်အောင်ကို အရမ်းချစ်နေကြတာ ဖြစ်ပါတယ်နော်။ ကိုဗစ်တတိယလှိုင်းမှာတော့ အောင်လတစ်ယောက် ကိုဗစ်ရောဂါကူးစက်ခံခဲ့ရပါတယ်နော်။

ကိုဗစ်ရောဂါပျောက်ကင်း သွားပေမယ့်လည်း အခုလက်ရှိမှာတော့ ဆေးရုံတွင် ဆေးကုသမှုခံယူနေရဆဲ ဖြစ်ပါတယ်နော်။ ဝိုင်းစုကိုယ်တိုင် ဆေးရုံစောင့်အဖြစ် နေ့စဉ် စောင့်ပေးနေရတာလည်း ဖြစ်ပါတယ်နော်။မကြာသေးခင်ကလည်း ဝိုင်းစုရဲ့ လူမှုကွန်ယက်တွင် ဓာတ်ပုံလေးတွေ တင်ပေးလာခဲ့ပါတယ်နော်။

ဒါကတော့ဆေး ရုံတက်ပြီး ကုသမှုခံယူနေရတဲ့ ခင်ပွန်းကို ပြုစုနေရတာကြောင့် အိပ်ရေးပျက်ပြီးအတော်လေးကို ပိန်ကျသွားတဲ့ အခြေနေကို ပြသလာခဲ့တာ ဖြစ်ပါတယ်နော်။

သူမကလည်း ” လွမ်းနေကြတယ်ဆိုလို့ ဆေးရုံမှာ လူနာစောင့်ရင်းအိပ်ခါနီးလေး လာနှုတ်ဆက်တာ Good night” ဆိုပြီး ရေးသားထားတာကြောင့် ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက် ရပါ တယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *