အဆိုတော်ရေမွန်ကွယ်လွန်တာ၅လပြည့်လေးမှာ ထူးထူးခြားခြားအလှူလေးလှူမယ့်အကြောင်း ပြောပြလာတဲ့ မိခင်ဖြစ်သူခင်မြတ်မွန်

အဆိုတော်ရေမွန်ကွယ်လွန်တာ၅လပြည့်လေးမှာထူးထူးခြားခြားအလှူလေးလှူမယ့်အကြောင်းပြောပြလာတဲ့မိခင်ဖြစ်သူခင်မြတ်မွန်

ဒီနေ့တွတ်ပီလေးဆုံးပါးသွားတာ၅လတင်းတင်းပြည့်ပြီ၊ဒီလ26thကလဲတွတ်ပီ33နှစ်ပြည့်ဠမွေးနေ့မို့သူ့အတွက်ထူးထူးခြားခြားလေးကုသိုလ်ကောင်းမှုပြုဖို့ကြံရွယ်ထားတာ၊

သူကလဲတဆင့်ကြားခံနဲ့၊နယ်အဖိုးအဖွားဆွေမျိုးများရဲ့ဇာတိမှာလှူပေးဖို့သေချာမှာထားတယ်၊ဒါပေမဲ့အခြေအနေတွေမကောင်းလို့ရက်‌နဲနဲရွှေ့လိုက်ပါတယ်၊အိမ်ကဘုရားလဲဘုရားပါဘဲလို့။

အကန်တွေပြောပြီးblameမလုပ်ကြနဲ့နော်၊စဉ်းစားဆင်ခြင်တုံတရားရှိပြီးနားလည်လို့မသွားသေးတာ၊အသက်ကိုဉာဏ်နဲ့စောင့်ရှောက်နေတာ၊စိတ်ရင်းအတိုင်းဆိုအိမ်ဘုရားတင်မကနယ်မြို့‌လေးကမပြည့်စုံတဲ့ဘုရားစေတီတွေ၊နွမ်းပါးချို့တဲ့တဲ့ကျောင်းတွေ၊သံဃာတွေကိုတပိုင်တနိုင်လှူဒါန်းထောက်ပံ့ချင်စိတ်လေးနဲ့သွားချင်တာပါ။

Postတစ်ချို့တွေမှာလိုဘုရားဖူးအကြောင်းပြဖလန်းဖလန်းထပြီးအပျော်ကျူးဖို့အစီအစဉ်လုံးဝမရှိ၊နကိုကလဲအဲ့လိုမနေခဲ့ဖူးပါ၊တွတ်ပီမရှိတော့ထဲကအပျော်ဆိုတာလဲကိုယ်နဲ့မသက်ဆိုင်တော့ပါဘူး။

ဒါပေမဲ့သေသူကလဲတောင်းဆိုထားတယ်၊သေသူတွေမပြုလုပ်နိင်တော့တဲ့ကုသိုလ်ကောင်းမှူတွေကို ဆက်လက်ရှင်သန်နေသူတွေကရည်စူးပြီးလှူဒါန်းလုပ်ကိုင်ပေးရမှာလေ။

ဒါကြောင့်ဘာလုပ်လုပ်အပြစ်မြင်တတ်တဲ့အကန်စိတ်တစ်ခုထဲနဲ့ကျေးဇူပြု၍လာblameမလုပ်ကြပါနဲ့နော်၊လုပ်ရင်လဲဂရုမစိုက်ပါဘူး၊ကုသိုလ်ကြားထဲဒေါသမရောစွက်ချင်လို့ပါ၊ဒါကြောင့်ဒီနေ့တော့ နေအိမ်ဘုရားမှာဘဲဆွမ်း၊ပန်း၊ဆီမီး၊ရေချမ်းကပ်လှူပြီးသူ့အတွက်ဆုတောင်းအမျှဝေပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *