အရုပ်လုကစားရင်း ညီငယ်ကစိတ်ဆိုးပြီး လာရိုက်သောအခါ ပြန်ရိုက်ရန်ဟန်ပြင်ပြီးမှ ဒေါသတွေထိန်းပြီး ညီငယ်လေးကို အနမ်းသာပေးခဲ့သည့် အကို၏ချစ်ခြင်းမေတ္တာ

အရုပ်လုကစားရင်း ညီငယ်ကစိတ်ဆိုးပြီး လာရိုက်သောအခါ ပြန်ရိုက်ရန်ဟန်ပြင်ပြီးမှ ဒေါသတွေထိန်းပြီး ညီငယ်လေးကို အနမ်းသာပေးခဲ့သည့် အကို၏ချစ်ခြင်းမေတ္တာ

ယခုဖော်ပြထားသည့် ဗီဒီယိုလေးကိုသာ မြင်တွေ့လိုက်ရလျှင် လူတိုင်းဟာ မိမိတို့၏ ညီအကိုမောင်နှမတွေကို သတိရနေမှာသေချာပါတယ်။

လူတိုင်းဟာ မိမိအသားနာကျင်ရပြီဆိုလျှင် ဒေါသများထွက်ပြီး ပေါက်ကွဲတတ်ကြပါတယ်။သို့သော် မိမိအသားကို နာကျင်စေခဲ့သူဟာ အချစ်ဆုံသူဖြစ်နေခဲ့ပါက ကြည်ဖြူနေမိမှာသေချာပါတယ်။

ယခုတွင်လည်း အသက်၁နှစ်အရွယ်နှင့်အသက်၃နှစ်အရွယ် ညီအကိုနှစ်ဦးဟာ အတူတူဆော့ကစားရင်းမှ အရုပ်တစ်ခုကို လုနေခဲ့ကြပါတယ်။

ထိုအခါ ညီဖြစ်သူက စိတ်ဆိုးပြီး အကိုကို ရိုက်ပုတ်နေခဲ့တော့တာဖြစ်ပါတယ်။အကိုဖြစ်သူဟာ အသားနာသည့်အတွက် ညီငယ်ကို ပြန်လုပ်မည်ဟု ဟန်ပြင်ခဲ့ပြီးမှ လာရိုက်သည့်လက်ကလေးကိုသာ အနမ်းပေးခဲ့ပါတယ်။

ထို့နောက် ညီဖြစ်သူက ထပ်ရိုက်နေသဖြင့် ညီလေးကိုဖတ်ထားပြီးပါးလေးကို အနမ်းပေးကာ ဒေါသတွေကို ဖြေဖျောက်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *