အရွယ်ကောင်းတုန်းက အိမ်ထောင်မပြုခဲ့ပဲ မိခင်ဖြစ်သူကို သူမရဲ့ဘဝတစ်လျှောက်လုံး ပြုစုစောင့်ရှောက်ပေးနေသည့် အမျိုးသမီးတစ်ဦး

ဗီယက်နမ်နိုင်ငံမှ အသက်၆၅နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် သူမဘဝတစ်လျှောက်လုံးကို မိခင်ဖြစ်သူနဲ့သာ ဖြတ်သန်းချင်ခဲ့၍ အိမ်ထောင်ပင်မပြုခဲ့ပဲ တဲစုတ်လေးတွင် သားအမိနှစ်ယောက် ပျော်ပျော်ရွှင်ရွှင် တူတူနေထိုင်ခဲ့သည်။

အမျိုးသမီးသည် အရင်ကသူများခြံထဲတွင် နေ့စားအဌားလိုက်ပြီး ရသမျှဝင်ငွေလေးနှင့် အသက်မွေးကျောင်းပြုခဲ့ရင်း အသက်ကြီးလာ၍ မည်သူကမှ အလုပ်မခိုင်းသောအခါ စားဝတ်နေရေးကလည်းရှိသေးတာကြောင့် လမ်းမပေါ်ထွက်ပြီး အမှိုက်များလိုက်ကောက်ခဲ့သည်။

ထိုစဥ် အမျိုးသမီးသည် အသက်၁၀၀နီးပါးရှိပြီဖြစ်တဲ့ မိခင်အိုကြီးကို အိမ်မှာတစ်ယောက်တည်း ထားခဲ့ဖို့ရာ စိတ်မချ၍ စက်ဘီးစုတ်လေးတစ်စီးပေါ်မှာ တင်ကာနေ့စဥ် လမ်းမပေါ်ရှိ ပုလင်းခွံ ဘူးခွံတို့ကို လိုက်ကောက်ကာ ဝင်ငွေရှာခဲ့ရာ တစ်ခါတစ်လေ ခေါက်ဆွဲခြောက်ထုပ်ကိုသာ ပြုတ်စားခဲ့ရ၍ အိမ်နီးနားချင်းတွေမှ စာနာသနားကာ ဖေးမကူညီခဲ့ကြသည်။




Leave a Reply

Your email address will not be published. Required fields are marked *