ပြည်ပနိုင်ငံမှာ မော်ဒယ်အဖြစ်စတင်လုပ်ကိုင်နေပြီဖြစ်တဲ့ သမီးကြီးရဲ့ ရိုက်ကွင်းကို တင်ပေးလာတဲ့ စမိုင်းလ်

ပြည်ပနိုင်ငံမှာ မော်ဒယ်အဖြစ်စတင်လုပ်ကိုင်နေပြီဖြစ်တဲ့ သမီးကြီးရဲ့ ရိုက်ကွင်းကို တင်ပေးလာတဲ့ စမိုင်းလ်

အနုပညာလမ်းကြောင်းပေါ်မှာ စမိုင်းလ်ကတော့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။

ပရိသတ်တွေအပေါ်မှာလည်း အမြဲတလေးတစားဆက်ဆံတတ်တာကြောင့် အားလုံးက ချစ်ခင်နေကြတာဖြစ်ပါတယ်။ လက်ရှိမှာလည်း ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာ ဖြစ်ပါတယ်။

စမိုင်းလ်ဟာ အလှူအတန်းရက်ရောသူတစ်ဦးဖြစ်ပြီး လိုအပ်တဲ့ နေရာတိုင်းကိုလည်း ကိုယ်တိုင်ကိုယ်ကျ လှူတန်းနေသူတစ်ဦး ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးမှာလည်း တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပြီး အခုနောက်ပိုင်းမှာတော့အခြေအနေအရပ်ရပ်ကြောင့် အမေရိကားနိုင်ငံသို့ တစ်မိသားစုလုံး ရွှေ့ပြောင်းနေထိုင်နေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်အချမ်းသာဆုံးစာရင်းဝင်တဲ့ စမိုင်းလ်ကတော့ လက်ရှိမှာ ပြည်ပနိုင်ငံတွင်အခြေချနေထိုင်လျက် ရှိနေတာ ဖြစ်ပါတယ်။

ပြည်ပနိုင်ငံမှာ ရောက်ရှိနေတာကို လူသိမခံချင်တာကြောင့် သူမရဲ့ လှုပ်ရှားမှုတွေကို တစ်ခါတစ်ရံမှသာ ဝေမျှပေးနေတာ ဖြစ်ပါတယ်။

စမိုင်းလ်ရဲ့သမီးကြီးကလည်း လက်ရှိမှာ မော်ဒယ်လုပ်နေပြီး အနုပညာလှုပ်ရှားမှုတွေကိုဖြည်းဖြည်းချင်း လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။

မကြာသေးခင်က ပေါ်ရှာရဲ့ Instagram လူမှုကွန်ယက်တွင် ဗီဒီယိုလေးတွေ တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ Professional မော်ဒယ်အဖြစ် ပြည်ပနိုင်ငံတွင် အနုပညာလှုပ်ရှားမှုတွေ လုပ်နေပြီဖြစ်တဲ့ စမိုင်းလ်သမီးကြီး ပေါ်ရှာရဲ့ရိုက်ကွင်း ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။

ပေါ်ရှာကတော့ ပြည်ပက သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါး ရိုက်ကူးရေးတစ်ခုလုပ်နေတာကို မြင်တွေ့ကြရမှာပါ။

ကဲ ပရိသတ်ကြီးလည်း ပေါ်ရှာရဲ့ ဒီဗီဒီယိုဖိုင်လေးကို ကြည့်ပြီးချစ်ပေးကြပါအုံးနော်..

Leave a Reply

Your email address will not be published. Required fields are marked *