မြန်မာနိုင်ငံသူလေး ဟန်နာယူရီ တောင်ကိုရီးယားနိုင်ငံက ချီးမြှင့်တဲ့ Global Influencer ဆုကို ရရှိ

ကိုးရီးယားသူလေးနဲ့တူလွန်းတဲ့ ချစ်စဖွယ်မျက်နှာလေးကြောင့် ပရိတ်သတ်တွေအကြား နာမည်ကြီး ရေပန်းစားပြီး ပရိတ်သတ်အများစုရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ Influencer တစ်ဦးလို့ဆိုလာရင်တော့ ဟန်နာယူရီ လေးကိုပဲ ပြေးမြင်ကြမှာအသေအချာပါပဲ။

သူမဟာ အလှအပပိုင်းနဲ့ ပတ်သက်တဲ့ နည်းလမ်းအချို့ကိုပရိတ်သတ်တွေကိုဝေမျှလေ့ရှိတဲ့ Influencer တစ်ဦးဖြစ်ပါတယ်။ သူမဟာ ယခုအခါမှာ တောင်ကိုးရီးယားနိုင်ငံ၌ နေထိုင်နေတာဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိမှာ သူမဟာ တောင်ကိုးရီးယားနိုင်ငံ က ချီးမြှင့်တဲ့Global Influencer ဆုကို လက်ခံရရှိခဲ့ပါတယ်။သူမဟာ ဒီဆုကို လက်ခံရရှိခဲ့ကြောင်းကို သူမရဲ့ ဖေ့ဘုတ် စာမျက်နှာပေါ်မှာ တင်လာခဲ့တာဖြစ်ပါတယ်။

သူမရရှိခဲ့တဲ့ဆုဟာ တစ်လတာအတွင်းတက်ကြွစွာဖြင့် လှုပ်ရှားမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိတဲ့ Influencer တွေကို သီးသန့်ချီးမြှင့်ခဲ့တဲ့ဆုဖြစ်ပါတယ်။

သူမဟာ (၂၀၂၁)ခုနှစ် အောက်တိုဘာလအတွက် လှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ Influencer တွေထဲတစ်ဦးအပါအဝင်ဖြစ်တဲ့အနေနဲ့ ရရှိခဲ့တာဖြစ်ပြီး ဒီဆုကိုလက်ခံရရှိခဲ့တဲ့အတွက် အရမ်းပျော်ရွှင်နေခဲ့ကြောင်းကိုလည်း သူမရဲ့ ဖေ့ဘုတ် စာမျက်နှာပေါ်မှာလည်းတင်ထားပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *