သားဖြစ်သူရဲ့ ဦးနှောက်ထဲကအကျိတ်ကို ခွဲစိတ်ကုသရန် ငွေကြေးမတတ်နိုင်တာကြောင့် သူ့ရဲ့ကျောက်ကပ်အား ရောင်းချရင်း ဝင်ငွေရှာဖို့ ကြိုးစားခဲ့သည့် ဖခင်တစ်ဦး

အင်ဒိုနီးရှားနိုင်ငံမှ အသက်၅၉နှစ်အရွယ် ဖခင်တစ်ဦးသည် သားလေးတစ်ယောက်ရှိသော်လည်း ကံမကောင်းစွာဖြင့် ဦးနှောက်တွင် အကျိတ်တစ်ခုရှိနေ၍ ဆေးရုံတင်ထားခဲ့ရသည်။

ဖခင်ဖြစ်သူသည် အလုပ်ကလည်း မည်မည်ရရ မရှိသည့်အပြင် အသက်လည်းကြီးနေပြီဖြစ်သည့်အတွက် မည်သူကမှ အလုပ်မခေါ်ခဲ့ရာ သားဖြစ်သူ ဆေးကုသရန် လိုအပ်၍ ချေးငွေများစွာယူသုံးခဲ့ခြင်းဖြင့်လည်း အကြွေးတွေတင်နေဆဲဖြစ်သည်။

ထို့ကြောင့် ဖခင်ဖြစ်သူသည် သားဖြစ်သူ ဆုံးပါးသွားမည့်ချိန်ကို လက်ပိုက်ကြည့်နေမယ့်အစား ဆိပ်ကမ်းတစ်ခုသို့သွားရောက်ကာ သူ့ရဲ့ကျောက်ကပ်အား ရောင်းလိုကြောင်း ဆိုင်းဘုတ်နဲ့အတူ ဝင်ငွေရှာရန် ကြိုးစားခဲ့သည်။

ထိုအဖြစ်ကို သိရှိသော ဆေးရုံက ဆရာဝန်များမှ သနားသောအားဖြင့် သားဖြစ်သူအား အန္တရာယ်များလှသည့် ဦးနှောက်ထဲက အကျိတ်ကို ခွဲစိတ်ပေးခဲ့ရာ ကံကောင်းစွာဖြင့် ခွဲစိတ်မှုအောင်မြင်ခဲ့ပြီး စိတ်ချရသော အခြေအနေကို ပြန်လည်ရောက်ရှိခဲ့၍ ဖခင်ဖြစ်သူမှ ကျေးဇူးတင်မဆုံး ဖြစ်ခဲ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *