အပေါ်ပိုင်းအဝတ်ဗလာဖြင့် အမျိုးသမီးဖောက်သည်များကိုဆွဲဆောင်စေခဲ့တဲ့ ပေါင်မုန့်ဖုတ်သည်အမျိုးသား

ဒီဓာတ်ပုံဟာ မကြာသေးခင်ကမှ Facebook ပေါ်မှာ လျင်မြန်စွာပျံ့နှံ့လာခဲ့ပြီး Facebook သုံးစွဲသူများစွာကတော့ ဒီ ဗိုက်ကြွက်သားတွေနဲ့အမျိုးသားက ဘယ်သူလဲဆိုတာကို သိချင်နေကြပါတယ်။

သူ့နာမည်ကို ၎င်းတို့စတင်ရှာဖွေခဲ့ရာမှာ အဆိုပါ ပိန်ပိန်ပါးပါးနဲ့ ကြည့်ကောင်းတဲ့အမျိုးသားဟာ ထိုင်းနိုင်ငံ Mueang Chiang Rai မြို့ရှိ Wonsakong Yo Pintakeaw အမည်ရှိထိုင်းမော်ဒယ်တစ်ဦးဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။

Yo ဟာ အချိန်ပြည့်မော်ဒယ်အဖြစ်အလုပ်လုပ်ကိုင်ပေမဲ့လည်း သူ့အစ်မဖြစ်သူရဲ့ကော်ဖီဆိုင်မှာ ပေါင်မုန့်ကင်တဲ့အလုပ်ကို ကူညီရောင်းချပေးနေတယ်လို့လည်း သိရပါတယ်။

အပေါ်ပိုင်းအဝတ်ဗလာနဲ့ ဒီလိုကြည့်ကောင်းတဲ့ယောကျ်ားလေးတစ်ယောက်က သင့်အတွက် မုန့်ကင်ပေးနေတာကို သင် မြည်းစမ်းကြည့်ချင်ရင်တော့ Mueang Chiang Rai မြို့ရှိ Preaw Cafe မှာ ၎င်းတို့ရဲ့ဒေသလုပ်မုန့်အရသာတွေကို သွားရောက်အားပေးနိုင်ပါတယ်။

Facebook ရှိ ထိုပို့စ်ဟာ sharer ပေါင်း 7.8K ရရှိခဲ့ပြီး အင်တာနက်အသုံးပြုသူအများအပြားက ထိုပို့စ်မှာ ရယ်စရာကောင်းတဲ့မှတ်ချက်များလည်း ပေးခဲ့ကြပါတယ်။ “ အဲ့အမျိုးသားကိုကြည့်နေတဲ့ ဒီအမျိုးသမီးတွေရဲ့အကြည့်တွေက ကြောက်စရာကြီးဟ “ လို့ အင်တာနက်သုံးစွဲသူတစ်ဦးက ရယ်စရာအဖြစ်မှတ်ချက်ပေးခဲ့ပါတယ်။

မှတ်ချက်ပေးသူအများအပြားက အဆိုပါဓာတ်ပုံများနှင့်ပတ်သက်ပြီး ရယ်စရာကောင်းတဲ့မှတ်ချက်များစွာပေးခဲ့ပေမဲ့လည်း အင်တာနက်အသုံးပြုသူတစ်ဦးကတော့ အမျိုးသားတွေကို ခွဲခြားတဲ့အကြည့်တွေနဲ့မကြည့်သင့်ကြောင်းလည်း မှတ်ချက်ပေးခဲ့ပါတယ်။

သို့ပေမဲ့ ထိုကော်ဖီဆိုင်မှာတော့ လူတွေအုံနေစမြဲဖြစ်ပါတယ်။ အပေါ်ပိုင်းအင်္ကျီမပါဘဲ ပေါင်မုန့်ကင်နေတဲ့ Yo ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကိုပျော်ရွှင်စွာ ကြည့်ရှုမဲ့သူများကြောင့် Yo ရဲ့ Instagram အကောင့်လည်း Follower များပိုပိုတိုးလာမယ်ဆိုတာကိုလည်း ကျွန်တော်တို့ အပြည့်အဝယုံကြည်မိပါတယ်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *