” ယုံကြည်စွာနှင့် သူ့ရဲ့ထံမှာ လာရောက်ပြီး ဆေးကုသခံယူတဲ့ သရုပ်ဆောင် မြတ်ကေသီအောင် ကိုကျေးဇူးတင်စကားဆိုလိုက်တဲ့ ထူးခန့်ကျော် ”

ပရိသတ်ကြီးရေ မင်းသားကြီးထူးခန့်ကျော်ကတော့အခုချိန်မှာဆိုရင်လည်း ၇ရက်သားသမီးတွေရဲ့ရောဂါဝေဒနာတွေကိုတတ်နိုင်တဲ့ဘက်ကကူညီစောင်မကုသပေးနေခဲ့တာကြာပါပြီ။ ပြည်သူပရိသတ်တွေအပြင် အနုပညာရှင်တွေကပါ အားကိုးအားထားပြုနေရတဲ့ ဆရာတစ်ယောက်ပါ။

အနုပညာအလုပ်တွေလုပ်ခဲ့စဉ်တုန်းကလည်းသရုပ်ဆောင်ချိန်မှာ ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်နိုင်ခဲ့သလို အခုလို ရောဂါဝေဒနာတွေကုသချိန်မှာလည်း တကယ်ကိုပျောက်ကင်းအောင်ကုသနိုင်ကြောင်း ဂူဏ်သတင်းကြီးမားလျက်ပါ။

ဒီနေ့မှာလည်း”ကျွန်တော်သူမ၏အနုပညာအားအရမ်းကြိုက်ခဲ့ရသော ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် အကယ်ဒမီမမြတ်ကေသီအောင် သူမရဲ့ထုံကျင်ကိုက်ခဲနေသောဝေဒနာများအား ယုံကြည်စွာဖြင့်လာရောက်ကုသပေးလို့ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်

အကယ်ဒမီမင်းသမီးမမြတ်ကေသီအောင်ရဲ့ခံစားနေရသော ထုံကျင်မှု့များအမြန်မကြာသက်သာပျောက်ကင်းပါစေလို့ဆုတောင်းပေးရင်း အမျိုးများအားလုံးကျန်းမာလို့ချမ်းသာကြပါစေ🙏🙏🙏🙏🙏”ဆိုတဲ့စာလေးနဲ့ ပြောပြလာတာပါ။

ပြည်သူချစ်မင်းသမီး မြတ်ကေသီအောင်ရဲ့ဝေဒနာတွေသက်သာသွားစေတာဟာ ဝမ်းသာစရာပါပဲနော်။ပရိသတ်တွေလည်း လူနာတွေအပေါ်စိတ်ရှည်ကာကုသပေးတတ်တဲ့ဆရာထူးခန့်ကျော်ရဲ့စေတနာတွေကို မုဒိတာပွားကာသာဓုခေါ်ခဲ့ကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *