တော်ရုံ လုပ်ရန် မလွယ်ကူတဲ့ လေ့ကျင့်ခန်းလေးကို လွယ်လွယ်ကူကူနဲ့ အမိုက်စား လုပ်ပြလိုက်တဲ့ သင်ဇာဝင့်ကျော်

အမိုက်စား ဖက်ရှင်တွေကို လိုက်ဖက်ညီအောင် ဝတ်စားတတ်ပုံတွေကြောင့် ပုရိသတွေရဲ့ အားပေးမှုတွေကို ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ပဲ ဖြစ်ပါတယ်။

သင်ဇာက ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကမှာ အောင်မြင်မှုတွေ များစွာရရှိပိုင်ဆိုင်ထားသူ တစ်ယောက်ဆိုလည်း မမှားပါဘူး ။

သင်ဇာရဲ့ ဘော်ဒီလေးကလည်း မိန်းကလေးချင်းတောင် အားကျငေးမောနေရတာပါ ။ အားလပ်ချိန်များမှာလည်း ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတွေ လုပ်လေ့ရှိသူတစ်ယောက်ပါ ။

သင်ဇာကတော့ သူမရဲ့ အနုပညာလှုပ်ရှားမှုလေးတွေကိုလည်း ပရိသတ်တွေ သိရှိနိုင်အောင် အမြဲတင်ဆက်ပေးနေသူလည်း ဖြစ်ပါတယ်။

အခုလည်း သင်ဇာက တော်ရုံ လုပ်ရန် မလွယ်ကူတဲ့ လေ့ကျင့်ခန်းလေးကို လွယ်လွယ်ကူကူနဲ့ အမိုက်စား လုပ်ပြထားတဲ့ ပုံရိပ်တွေကို ဝေမျှလာပါတယ် ။

ပျော့ပျော့ပျောင်းပျောင်းနဲ့ သေးသွယ်နေတဲ့ ခန္ဓာကိုယ်အလှတရားတွေက အားကျစရာကောင်းလောက်အောင်ပါပဲ ။ ပရိသတ်ကြီးအတွက် သင်ဇာရဲ့ ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *