တစ်ရက်ကို ( ၉ ) ကြိမ်လောက် ကုတင် ကို မျက်စောင်းထိုး လို့ ခင်ပွန်းသည်က ကွာရှင်းဖို့ထိဆုံးဖြတ်ခံလိုက်ရတဲ့ မိန်းကလေး

အင်ဒိုနီးရှားနိုင်ငံမှ အမျိုးသားတစ်ယောက်ဟာ ဇနီးသည်ရဲ့ဒဏ်ကို မခံနိုင်တော့တာကြောင့် ကွာရှင်းဖို့ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်နော်။ ထိုအမျိုးသားရဲ့ဇနီးဟာ ခင်ပွန်းသည်နဲ့ တစ်ရက်ကို (၉)ကြိမ်အထိ အတူနေချင်သူဖြစ်တယ်လို သိရတာပါ။

ဒီအတွက် ခင်ပွန်းသည်မှာ အပင်ပန်းကြီး ပင်ပန်းရတာကြောင့်ဘဲ ကွာရှင်းဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်နော်။ဒီအဖြစ်အပျက်ကတော့ အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့ဂျာဗားပြည်နယ်၊ Tulungagung ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်နောိ။

ဒီအဖြစ်အပျက်ကို ဖော်ပြထားတဲ့ ဝက်ဘ်ဆိုဒ်ကတော့ Detik လို့အမည်ရပြီးတော့ အခုအဖြစ်အပျက်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေဟာ လူမှုကွန်ရက်မှာ အတော်လေး ရေပန်းစားနေတာပါ။

ခင်ပွန်းသည်ဟာ တစ်နေ့နဲ့တစ်နေ့ မိသားစုတာဝန်တွေကို ရုန်းကန်နေရတာက တစ်ကြောင်း၊ ဇနီးဖြစ်သူရဲ့ ခုတင်ပေါ်က အချစ်ဆာလောင်မှုကို မဖြည့်ဆည်းနိုင်တော့တာကတစ်ကြောင်းတို့ကြောင့်ဘဲ လင်မယားနှစ်ယောက်ကြားမှာ မကြာခဏအချင်းများရန်ဖြစ်ကြရပါသတဲ့နော်။

ဇနီးဟာ လွန်လွန်ကျူးကျူး တစ်ရက်ကို (၉)ကြိမ်အထိကို ခုတင်ကို မျက်စောင်းထိုးတယ်လို့ ဆိုပါတယ်နော်။သာမန်ယောက်ျားတစ်ယောက်အတွက် အတော်လေး မလွယ်တဲ့ ကိစ္စဖြစ်ပြီး၊ ရေရှည်မှာလည်းကျန်းမာရေးထိခိုက်နိုင်တဲ့ အနေအထားဖြစ်ပါတယ်။

ဒီအကြောင်းကို ပြန်လည်မျှဝေခဲ့သူကတော့ အိမ်ထောင်ရေးအကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Mohammad Hufron Efendi အမည်ရ အမျိုးသားပါ။

သူဟာ လင်တွေမယားတွေကြားထဲက ပဋိပက္ခတွေကို ပညာရှင်ဆန်ဆန် အကြံပေးဝန်ဆောင်မှုတွေပြုလုပ်ရင် ရပ်တည်နေတာပါတဲ့။ Hufron ရဲ့အဆိုအရ ကာယကံရှင်လင်မယားဟာ လက်ထပ်ထားတာ (၁) နှစ်လောက်ပဲ ရှိပါသေးသတဲ့။

သူကဒါကတော့ ကျွန်တော် ကိုင်တွယ်ခဲ့ရတဲ့ကိစ္စတစ်ခုပါ ။ စုံတွဲရဲ့နောက်ခံကို လိုက်လံစုံစမ်းလိုက်တဲ့အခါ-အမျိုးသမီးမှာ Hypersexuality လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုဖြစ်နေပါတယ် ။ ါက သူတိုကို ပဋိပက္ခဖြစ်စေခဲ့တာပါ လို့ ဆိုတာပါ။



သူတို့နှစ်ယောက် ဘယ်လို လက်ထပ်ခဲ့ကြတယ်ဆိုတာ မသိရပေမယ့်လည်း လူငယ်စုံတွဲတွေကြားမှာတော့ ဒီလိုကိစ္စက အတော်လေး ဖြစ်တောင့်ဖြစ်ခဲပါဘဲ။ Hypersexuality ကို စနစ်တကျ ကုမယ်ဆိုပါက ပျောက်ကင်းနိုင်တယ်လို့လည်း သိရပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *